ဥပဒေပညာရှင် ပါမောက္ခ မစ္စတာ ဝီလျံရှေးဘတ်စ်နှင့် ဒေါက်တာ ခရစ်တိုဖာ စတိတ်ကာတို့ ရန်ကုန်တက္ကသိုလ်၌ ICJ အတွေ့အကြုံများနှင့် နိုင်ငံတကာဥပဒေဆိုင်ရာများ ဟောပြော

Image not available
ရန်ကုန်   မတ်   ၅ 
 
နယ်သာလန်နိုင်ငံ လိုက်ဒန်တက္ကသိုလ် နှင့်ဗြိတိန်နိုင်ငံ       မစ်ဒယ်ဆက်စ် တက္ကသိုလ်တို့မှ      နိုင်ငံတကာဥပဒေပညာရှင်  ပါမောက္ခ   မစ္စတာ ဝီလျံရှေးဘတ်စ်သည်      ယနေ့ နံနက်ပိုင်းက     ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌   ICJ   အတွေ့ အကြုံများနှင့်   နိုင်ငံတကာဥပဒေ ဆိုင်ရာများကို ဟောပြောသည်။ 
 
တက်ရောက်
 
အဆိုပါဟောပြောပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံရုံး         ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး       ဒေါက်တာမျိုးသိမ်းကြီး၊   နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းလွင်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊       နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊   မြန်မာ နိုင်ငံ  မဟာဗျုဟာနှင့်   နိုင်ငံတကာ လေ့လာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊  ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊      ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်၊    ရန်ကုန် နိုင်ငံခြားဘာသာ   တက္ကသိုလ်တို့မှ ဆရာ ဆရာမများ၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊  အပြည် ပြည်ဆိုင်ရာ   တရားရုံးနှင့်စပ်လျဉ်း သော  ဥပဒေရေးရာအထောက်အကူပြု အဖွဲ့၊   အပြည်ပြည်ဆိုင်ရာ   ပြစ်မှု တရားစီရင်ရေးနှင့်   စပ်လျဉ်းသော အထူးအဖွဲ့တို့မှ   တာဝန်ရှိသူများ  စုစုပေါင်း   ၁၆၀ နှင့်    တက္ကသိုလ် အသီးသီးမှ ဥပဒေပညာနှင့် ဆက်စပ် သော ကျောင်းသား ကျောင်းသူ ၉၈၅ ဦး တက်ရောက်ကြသည်။
 
အခမ်းအနားတွင်  ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား    ပြောကြားပြီး   ပါမောက္ခ  မစ္စတာ ဝီလျံရှေးဘတ်စ်နှင့် ပရိသတ်များအား       မိတ်ဆက်ပေး သည်။
 
ထို့နောက်    နိုင်ငံတကာ ဥပဒေ ပညာရှင်    ပါမောက္ခ မစ္စတာ ဝီလျံ ရှေးဘတ်စ်က       ဥပဒေဆိုင်ရာ သိကောင်းစရာများကို ဟောပြောပြီး    တက်ရောက်လာကြသူများ၏ သိရှိလို သည့်  မေးခွန်းများကို      ပြန်လည် ဆွေးနွေးဖြေကြားသည်။
 
မွန်းလွဲပိုင်းတွင် အင်္ဂလန်နှင့် ဝေလ ပြည်နယ်ဆိုင်ရာ ရှေ့နေများအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ  နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာ ခရစ်တိုဖာ စတိတ်ကာကလည်း        ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ဥပဒေပညာ ရပ်ဆိုင်ရာများကို  ဟောပြောဆွေးနွေး ခဲ့သည်။ 
 
 
   သတင်းစဉ်