တရားမဝင်သစ်မျိုးစုံနှင့်နွားများ၊ လိုင်စင်မဲ့မော်တော်ယာဉ်၊ စက်လှေနှင့်ဆိုင်ကယ်၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၃


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး  ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ် မှုများကို   ဥပဒေနှင့်အညီ  ထိရောက်စွာတားဆီးအရေးယူနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ   ဖေဖော်ဝါရီ ၂၁  ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   ပြည်နယ် သစ်တော ဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြင့်  သတင်းအရ  သွားရောက်စစ်‌‌ဆေးခဲ့ရာ  သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်တို့အတွင်း တရားမဝင်  သစ်မျိုးစုံ ၇ ဒသမ  ၈၂၀၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၆၇၆)  ကို ဖမ်းဆီးရမိခဲ့ပြီးသစ်တော ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

 


ထို့အပြင် ဖေဖော်ဝါရီ ၂၂  ရက် တွင် တနင်္သာရီရေတပ်စခန်းဌာန ချုပ်မှ     ဗိုလ်မှူးမင်းသိန်း ဦးစီးတပ်ဖွဲ့ဝင်များသည် တရား မဝင် ပိတောက်သစ်ခွဲသား ၁၀၀ ဒသမ ၄၈၉၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၁၁၂၆၀၈၀)နှင့်  ၎င်း သစ်များ   တင်ဆောင်လာသော အလျားပေ ၁၁၀ ၊ အနံ ၃၄ ပေ၊ စောက်   ၁၃  ပေရှိ    သစ်သား ကိုယ်ထည်   လိုင်စင်မဲ့စက်လှေ တစ်စင်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၃၅၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈၁၄၇၆၀၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ သည်။ 

 


ထို့အတူ ဧရာဝတီတိုင်းဒေသ ကြီး    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေးအထူးအဖွဲ့၏  စီမံ ခန့်ခွဲမှုဖြင့်      တိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့်   ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက   ရှောင် တခင်  စစ်ဆေးရာတွင်  ဘိုကလေး မြို့နယ်နှင့်  သာပေါင်းမြို့နယ်တို့ အတွင်း  တရားမဝင်  သစ်မျိုးစုံ ၅၇ ဒသမ ၇၇၇၁ တန် စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၉၇၃ ၀၃၂)   ကို   ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့်   အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


အလားတူ ရန်ကုန်မြို့ မြန်မာ့ စက်မှုဆိပ်ကမ်းတွင်   တာဝန်ကျ အကောက်ခွန်အဖွဲ့မှ   ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ  ID  တွင် ကြေညာထားသည်ထက်    ပိုမို တင်ဆောင်လာသော လူသုံးကုန် ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်း မျိုးစုံ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၉၃၅၅၆၄) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

 


၎င်းအပြင်   ဖေဖော်ဝါရီ    ၂၃ ရက်တွင်  စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့   ဦးဆောင် သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေး မှုများ   ဆောင်ရွက်ခဲ့ရာ  ရွှေဘို မြို့နယ်တွင်        တရားမဝင် တင်ဆောင်လာသော နွား ၄၃ ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၀၀၀၀၀)    ကို    တိရစ္ဆာန် ကျန်းမာရေးနှင့်   မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုး       တိုးတက်ရေး ဥပဒေအရ      လည်းကောင်း၊ CROWN အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀)၊  မုံရွာ မြို့နယ်အတွင်း  CZI-125  အမျိုး အစား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၀၀ ၀၀၀)နှင့် ရွှေဘိုမြို့နယ်အတွင်း SHAYAN-125     အမျိုးအစား လိုင်စင်မဲ့    ဆိုင်ကယ်   တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၂၅၀၀၀၀)ကို  ပို့ကုန်  သွင်းကုန် ဥပဒေအရလည်းကောင်း အရေး ယူ   ဆောင်ရွက်လျက်ရှိသည်။

 


ထို့အပြင် ဖေဖော်ဝါရီ ၂၃ ရက် တွင်  ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု          တိုက်ဖျက်ရေး  အထူးအဖွဲ့၏          စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်    (တံတားကျိုး) စုပေါင်း     စစ်ဆေးရေးစခန်း၌ ပူးပေါင်း        စစ်ဆေးရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ   တရားဝင်   စာရွက် စာတမ်းအထောက်အထား တစ်စုံ တစ်ရာ  တင်ပြနိုင်ခြင်းမရှိသည့် ဆပ်ပြာမှုန့် အထုပ် ၅၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀၀၀၀၀)  ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် ဥပဒေဖြင့်  အရေးယူဆောင်ရွက် လျက်ရှိသည်။ 

 


သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၃၁၀၅၃၅၂)   ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။                 
     

သတင်းစဉ်