မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် တမ္မကောက်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးအား အကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးအား မိုင်းထောင်ဖောက်ခွဲ

 

နေပြည်တော်   ဖေဖော်ဝါရီ  ၂၃


အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မား ရေးအတွက်     စာသင်ကျောင်းများ     ဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိ သည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမား  များအနေဖြင့်   ပညာရေးဆိုင်ရာ     ရုံးဌာနများနှင့် စာသင်ကျောင်းများ၊ နိုင်ငံတော်ပိုင်အဆောက်အဦ များကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဖောက်ခွဲခြင်းများ       ပြုလုပ်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့်       တာဝန်ထမ်းဆောင် နေကြသည့်   ဆရာ ဆရာမများ၊   နိုင်ငံ့ဝန်ထမ်း များကိုလည်း   အကြမ်းဖက်      ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက် ရှိသည်။

 


ထိုသို့    လုပ်ဆောင်လျက်ရှိရာ   ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၃ နာရီ  ၄၅ မိနစ်ခန့်တွင် မကွေး တိုင်းဒေသကြီး    ဆိပ်ဖြူမြို့နယ်    တမ္မကောက် ကျေးရွာ    အခြေခံပညာအထက်တန်းကျောင်းခွဲမှ ဆူးလေကုန်းကျေးရွာနေ ကျောင်းအုပ်ဆရာမကြီး ဖြစ်သူ ဒေါ်လဲ့လဲ့ (၃၇) နှစ် (ဘ) ဦးသောင်းညွန့်သည်  ကျောင်းသား ကျောင်းသူများအား စာသင်ကြားပြီး ၎င်း၏ဖခင်ဖြစ်သူ ဦးသောင်းညွန့်နှင့်အတူ နေအိမ် သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မောင်းတွင်းကျေးရွာ နှင့်    ရှားပင်အိုင်ကျေးရွာကြားအရောက်   အသင့် စောင့်ဆိုင်းနေသည့်     အကြမ်းဖက်သူအမျိုးသား သုံးဦးက ဆိုင်ကယ်အား ရပ်တန့်စေပြီး ဖခင်ဖြစ်သူ ဦးသောင်းညွန့်အား   ဓားဖြင့်       ထောက်ထားကာ ကျောင်းအုပ်ဆရာမဖြစ်သူ  ဒေါ်လဲ့လဲ့အား ဓားဖြင့် ထိုးသတ်ခဲ့ပြီး
ဆိုင်ကယ်အား လုယက်ယူဆောင် ၍ လက်ဆည်-ပေါက်  သွားကား လမ်းအတိုင်း ပေါက်မြို့ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း    သိရှိရ သည်။ 

 


ထို့အပြင် ဖေဖော်ဝါရီ ၂၂ ရက်  မွန်းလွဲ  ၁  နာရီ  မိနစ်  ၅၀  ခန့်  တွင်    ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အမှတ် (၄) ရပ်ကွက် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရုံး၊ နိုင်ငံခြားသားများ ရေးရာဌာန၊ ပြည်ဝင်/ပြည်ပြန်ဝင် နှင့်  နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲ ရုံးဝင်းအတွင်း   PDF  အမည်ခံ အကြမ်းဖက်သမား         များက လက်လုပ်မိုင်းဖြင့်       ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ အဆိုပါဖောက်ခွဲမှု ကြောင့် ရန်ကင်းမြို့နယ် အမှတ် (၁၁) ရပ်ကွက်နေ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးခိုင်အုန်း (၅၄)   နှစ်   (ဘ)   ဦးတင်အုန်း၊ အင်းစိန်မြို့နယ်      ရွာမအရှေ့ ရပ်ကွက်နေ ဦးစီးအရာရှိ ဒေါ်မိုးမိုး မြင့် (၅၀) နှစ် (ဘ) ဦးထွန်းမြင့်နှင့်  ပန်းဘဲတန်းမြို့နယ် အမှတ်(၁၁)ရပ်ကွက်နေ ဦးစီးအရာရှိ ဒေါ်ချိုချို မာ  (၄၅)နှစ် (ဘ) ဦးဘာဘာတို့ သုံးဦးတွင်   မိုင်းစထိမှန်ဒဏ်ရာ များ          အသီးသီးရရှိခဲ့သဖြင့် နယ်မြေခံ   တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု    ခံယူစေ လျက်ရှိကြောင်း သိရှိရသည်။ 

 


အထက်ပါ   ဖြစ်စဉ်များတွင် အကြမ်းဖက်လုပ်ရပ်များကို    လုပ် ဆောင်ခဲ့သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး   လုံခြုံ ရေး   တပ်ဖွဲ့ဝင်များက   လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်      ရှိကြောင်း သတင်းရရှိသည်။        

သတင်းစဉ်