ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပြိုင်ပွဲ အက်သလက်တီကိုနှင့် မန်ယူ တစ်ဖက်တစ်ဂိုးစီ သရေကျ

 

ယူအီးအက်ဖ်အေ   ချန်ပီယံလိဂ်  ၁၆  သင်းအဆင့်  ပထမအကျော့ ပွဲစဉ်အဖြစ်       လာလီဂါကလပ် အက်သလက်တီကို    မက်ဒရစ် အသင်းနှင့် ပရီမီယာလိဂ်ကလပ် မန်ယူအသင်းတို့ပွဲစဉ်ကို ဖေဖော် ဝါရီ ၂၄ ရက် နံနက်ပိုင်းက ဝန်ဒါ မက်ထရိုပိုလီတာနိုကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ 

 


ပွဲစသည်နှင့်   တစ်ပြိုင်နက် အက်သလက်တီကို    မက်ဒရစ် အသင်း၏  တိုက်စစ်က  မန်ယူ အသင်းကို ဖိအားပေးကစားနိုင်ခဲ့ သည်။

 


ပွဲချိန် ၇ မိနစ်တွင် လိုဒီ၏ ဖန်တီးမှုမှ ဖီးလစ်က လှလှ ပပ ခေါင်းတိုက်အဆုံးသတ်ကာ အိမ်ရှင် အက်သလက် တီကိုမက်ဒရစ်အသင်းအတွက်   ဦးဆောင်ဂိုး  ရယူ ခဲ့သည်။ 

 


ဒုတိယပိုင်းတွင်   မန်ယူအသင်းသည်   ခြေစွမ်း ကျဆင်းလာသည့်      လင်ဒီလော့ဖ်၊      ပေါ့ဂ်ဘာ၊ လုခ်ရှော၊ ရက်ဖို့ဒ်တို့ကို  အနားပေးကာ  ဝမ်ဘစ် ဆာကာ၊   မာတစ်၊   တဲလပ်စ်၊   အီလန်ဂါတို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ထို့နောက်တွင် မန်ယူ အသင်း   ကစားအားတက်လာပြီး    လိုအပ်သည့် ချေပဂိုးရယူနိုင်ခဲ့သည်။ အဆိုပါချေပဂိုးကို ပွဲချိန် မိနစ် ၈၀ တွင် ဖာနန်ဒက်စ်၏ ဖန်တီးမှုမှ လူစားဝင် ကစားသမား     အီလန်ဂါက      သွင်းယူပေးခဲ့သည်။ အက်သလက်တီကိုမက်ဒရစ်အသင်းနှင့်   မန်ယူ အသင်းတို့သည် ယခုပွဲစဉ်တွင် အနိုင်၊ အရှုံး ပြတ်သား စွာမထွက်ပေါ်ခဲ့သည့်အတွက်   အိုးထရက်ဖို့ဒ်တွင် ယှဉ်ပြိုင်ကစားမည့်       ဒုတိယအကျော့ပွဲစဉ်တွင် နောက်တစ်ဆင့်တက်လှမ်းနိုင်ရေး   ရေကုန်ရေခန်း ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။ 

 


အခြားသောပွဲစဉ်တွင် ဘင်ဖီကာနှင့် အိုင်းယက်စ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။                                                                                                                             
အောင်ဇော်