
ရန်ကုန် ဖေဖော်ဝါရီ ၂၆
မြန်မာ ယူ-၂၂ အသင်းသည် မေလတွင် ယှဉ်ပြိုင် ရမည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ပြည်ပ ခြေစမ်းပွဲများကစားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲ အတွက် ယခုရက်ပိုင်းအတွင်း ပြန်လည်ပြင်ဆင် မည်ဖြစ်ပြီး ပဏာမကစားသမား ၃၀ ဝန်းကျင်ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်း သည် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်ချိန် နှစ်လကျော်ရရှိမည်ဖြစ်ပြီး ယင်းကာလ အတွင်း နိုင်ငံတကာခြေစမ်းပွဲများ ကစားနိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြိုးပမ်းနေ ခြင်းဖြစ်သည်။ မြန်မာယူ-၂၂ အသင်းသည် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲမတိုင်မီက ယူအေအီး နိုင်ငံသို့ သွားရောက်ကာ ခြေစမ်း ပွဲများ ကစားခဲ့သော်လည်း အာဆီယံ ယူ-၂၃ ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ ကစားနိုင် ရန် ကြိုးပမ်းခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ကစားနိုင်ခြင်းမရှိခဲ့ပေ။
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအကြို ပြင်ဆင်မှု အဖြစ် ယခုလအတွင်း ကမ္ဘော ဒီးယားနိုင်ငံ၌ ကျင်းပသည့် ၂၀၂၂ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော်လည်း အုပ်စုပထမနေ့ ကစားမည့်ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာ Positive အဖြေထွက်ခဲ့သဖြင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်း ဖြစ်သည်။
မြန်မာယူ-၂၂ အသင်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းကလည်း ကာဂျစ္စတန် နိုင်ငံ၌ကျင်းပသည့် ၂၀၂၂ အာရှ ဖလား ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင် ခဲ့ပြီး ယင်းကာလကတည်းက တောက်လျှောက် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
ယခု ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂ အသင်း ကိုလည်း ယခင်ပြိုင်ပွဲများယှဉ်ပြိုင် ခဲ့သည့် ကစားသမားအများစုဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်ပြီး နည်းပြချုပ်အဖြစ် ဘူဂေးရီးယား နိုင်ငံသား ပိုပေါ့ဗ်က ဆက်လက် ကိုင်တွယ်သွားမည်ဖြစ်သည်။
ဆီးဂိမ်းအမျိုးသားဘောလုံး ပြိုင်ပွဲကို အသက် ၂၂ နှစ်အောက် အဖြစ် ကျင်းပမည်ဖြစ်ပြီး အသက် ကျော် ကစားသမားသုံးဦး အသုံး ပြုခွင့်ရမည်ဖြစ်သည်။ ဆီးဂိမ်း ပြိုင်ပွဲကို မေ ၁၂ ရက်မှ ၂၃ ရက် အထိ ကျင်းပမည်ဖြစ်ပြီး အမျိုး သား ဘောလုံးပြိုင်ပွဲကိုမူ ဖွင့်ပွဲ ရက်မတိုင်မီ ပြုလုပ်သွားမည်ဖြစ် သည်။
ရဲရင့်လွင်