
နေပြည်တော် မတ် ၂
ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မတ် ၁ ရက် နံနက် ၁၀ နာရီ ခွဲတွင် ဘားအံမြို့ အမှတ် (၆)ရပ်ကွက်၊ စိန်စီမြလမ်းတွင် ဝင်းနိုင်ဦး (ခ) အရှည်ကြီး မောင်း နှင်လာသော မော်တော်ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၇ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ နံနက် ၁၁ နာရီခွဲတွင် ဘားအံမြို့ အမှတ် (၄) ရပ်ကွက်၊ သုခမိန်လမ်း အိမ်အမှတ် (၄/၂၈၂)ရှိ သန်းဦး၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၆၀၀ ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၃ နာရီတွင် သာစည် မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ဘုရားငါးဆူ (မြောက်) ကျေးရွာ အနီး မိတ္ထီလာ-တောင်ကြီး သွား ကားလမ်းတွင် ထွန်းလှိုင်ဖြိုး ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၇၅၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် ဘုရားငါးဆူ (မြောက်) ကျေးရွာ ရှိ မခိုင်ရွှေစင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၂၀၀ ကိုလည်းကောင်း။
မတ် ၁ ရက် ည ၇ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာအုပ်စု ဟာဘီ(အနောက်) ကျေးရွာရှိ အေရှာတ်ဟူဆောင်း ၏ ကုန်စုံဆိုင်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၅၅ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
သတင်းစဉ်