
ဆောင်းပါး
====
ကျန်းမာသက်ရှည်ဖို့ အငန်လျှော့စားစို့
====================
ဒေါက်တာသိန်းဆွေ(ပြည်သူ့ကျန်းမာ)
ကမ္ဘာကြီး၏တိုးတက်မှု၊ ဆုတ်လျော့မှု၊ သဘာဝပတ်ဝန်း ကျင် ပျက်ယွင်းခြင်းတို့ကြောင့် လူသားတို့နှင့် ၎င်းတို့ ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့အပေါင်းတို့အပေါ် လွှမ်းမိုး သက်ရောက်မှုများရှိလာပြီး ရောဂါဘေး၊ သဘာဝဘေး တို့နှင့်အတူ လူတို့၏လောဘ၊ မာနတို့ကြောင့် မငြိမ်းချမ်း သောဘဝများဖြင့် အသက်ရှင်သန်နိုင်ရေးအတွက် ကြီးမားစွာ အားထုတ်ကြိုးပမ်းနေကြရသည်သာ ဖြစ်ပါ ၏။ ထိုသို့ ရင်ဆိုင်ဖြေရှင်းနေရသည့် ကြီးမားသော စိန်ခေါ်မှုများအတွက် လူသားတို့၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ပိုင်းဆိုင်ရာ ခိုင်မာတောင့်တင်း စွာဖြင့် အများနှင့်အတူ သဟဇာတဖြစ်ရေးအတွက် အားထုတ်ကြိုးပမ်းကြရမြဲလည်း ဖြစ်ပါသည်။
ယနေ့လူသားကမ္ဘာ၏ ကျန်းမာရေးစိန်ခေါ်မှုများမှာ အလွန်ပင် များပြားလှပါသည်။ ဖြစ်မြဲဖြစ်ဆဲ ကူးစက် ရောဂါများကို ကာကွယ်နှိမ်နင်းနေစဉ်မှာပင် လူတို့၏ အပြုအမူ၊ အနေအထိုင်၊ အစားအသောက်၊ ဓလေ့၊ ယုံကြည်မှု စသည်တို့ကြောင့် ကျန်းမာရေးနှင့်မညီညွတ် သော လူနေမှုဟန်ပန်များကြောင့် မကူးစက်နိုင်သော ရောဂါများကို တစ်ပြိုင်တည်း ဖိစီးခံစားနေရသော အချိန် အခါပင်ဖြစ်ပါ၏။ ထိုကဲ့သို့ ဖိစီးမှုဒဏ် နှစ်ဆ ခံစားနေ ရချိန်မှာပင် ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ် -၁၉ ကဲ့သို့သောရောဂါဆိုးအား ကြိုးစားတုံ့ပြန်နေရဆဲလည်း ဖြစ်ပေသည်။ ထိုကဲ့သို့ အရေးပေါ်ပြဿနာများကို အလေးပေးဆောင်ရွက်နေရသော်လည်း ရောဂါဒဏ် ပိုမိုခံစားရသော၊ အစဉ်မသင့်လျှင် အသက်ပင်ဆုံးနိုင်သော ယှဉ်တွဲရောဂါများဖြစ်သည့် သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်ကြရပြန်ပါသည်။
၁။ မြန်မာနိုင်ငံ၏ မကူးစက်နိုင်သောရောဂါများ အခြေအနေ
မကူးစက်နိုင်သောရောဂါများဖြစ်ပွားမှုသည် ကူးစက်သောရောဂါများထက်ပင်များနေကြောင်း လေ့လာ တွေ့ရှိရပါသည်။ မကူးစက်နိုင်သော ရောဂါများသည် ကူးစက်တတ်သောရောဂါများကဲ့သို့ တစ်ဦးမှတစ်ဦး ကူးစက်ခြင်းမဟုတ်မူဘဲ တစ်ဦးချင်း၏အမူအကျင့်၊ နေထိုင်စားသောက်မှုပုံစံများကြောင့် ရောဂါရရှိစေပြီး ကာကွယ်ဆေးထိုး၍ ကာကွယ်နိုင်သောရောဂါ မဟုတ် သည့်အတွက် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် ကြရာတွင် လူ့အပြုအမူ၊ နေထိုင်မှုပုံစံများကို ပြောင်းလဲအောင်ဆောင်ရွက်ကြရသောကြောင့် ကာလရှည်ကြာစွာ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကိုအလေးထားလျက် ဆောင်ရွက်ရသော လုပ်ငန်းဖြစ် ပါသည်။ တစ်ကမ္ဘာလုံး၏လူဦးရေ သန်းပေါင်း ၄၁ သန်း သည် အဆိုပါ မကူးစက်နိုင်သော ရောဂါအမျိုးမျိုးတို့ ကြောင့် သေဆုံးနေကြရပါသည်။
မိမိတို့မြန်မာနိုင်ငံ၏အခြေအနေကို လေ့လာ ကြည့်မည်ဆိုပါက ၂၀၁၂ ခုနှစ် ကောက်ယူသော စာရင်း ဇယားများအရ သေဆုံးသူများ၏ ၅၉ရာခိုင်နှုန်းသည် ဤမကူးစက်နိုင်သောရောဂါများကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တစ်နေ့တခြား လူအများ၏ ကျန်းမာရေးကို စိန်ခေါ်မှု ပြင်းထန်လာနေသော ဖော်ပြပါ မကူးစက်တတ်သောရောဂါများ ကာကွယ်ရေးလုပ်ငန်း များကို အလေးထားဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံ တော်အစိုးရ၏ ကျန်းမာရေးဆိုင်ရာ ကုသစရိတ်၊ ကုသ ရေး အထောက်အကူပစ္စည်းများ၊ စက်ကိရိယာများနှင့် ဆေးဝါးများအတွက် ကုန်ကျစရိတ်များကို လျော့နည်း စေနိုင်မည် ဖြစ်ပါ၏။ ထိုကဲ့သို့ အလေးပေး ဆောင်ရွက် ခြင်းမပြုနိုင်ပါက ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသော ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များထက် အဆိုပါရောဂါများကို ကုသပေးရသော စရိတ်ကုန်ကျမှု များ ပိုမိုကုန်ကျသည့်အတွက် အခြားသောလုပ်ငန်းများ ဆောင်ရွက်ရန်ပင် အခက်အခဲတွေ့နိုင်သည်ဟု ခန့်မှန်း ရပါသည်။ ထိုကဲ့သို့ မကူးစက်နိုင်သောရောဂါများဖြစ်ရ ခြင်း အကြောင်းရင်းမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှု၊ အစားအသောက် စနစ်တကျစားသုံးမှု မရှိခြင်း၊ အန္တရာယ်ပြွန်းသော ရောနှောပစ္စည်းများဖြစ်သည့် ဆီ၊ ဓာတုပစ္စည်းများ ပါဝင်သော အစားအသောက်များ စားသုံးခြင်း၊ အသင့်စားအစားအစာ များများစားသုံးခြင်း နှင့်အတူ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းများကြောင့် ဖြစ်သည်ကို လူအများ သိရှိနားလည်ကြသော်လည်း လိုက်နာမှု အားနည်းခြင်းသည် အဓိကအချက်ပင် ဖြစ်ပါ သည်။
၂။ ခက်ခဲသောယှဉ်ပြိုင်မှုများ
ဖော်ပြပါ မကူးစက်နိုင်သောရောဂါများသည် တကယ် တမ်းမှာမူ ပြုပြင်၊ ကာကွယ်၊ တားဆီးနိုင်သောရောဂါ များပင် ဖြစ်ပါ၏။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာမာဂရက်ချမ်းက “အင်အားတောင့်တင်းသော၊ အာဏာရှိသော စွမ်းအားရှင် တို့၏ စီးပွားရေးစိတ်ဝင်စားကြိုးပမ်းမှုများကို ဆန့်ကျင် လျက် မကူးစက်နိုင်သောရောဂါများကို ကြိုးပမ်းအားထုတ် ကာ ကာကွယ်ကြရမည်”ဟူ၍ ပြောကြားခဲ့ပါသည်။ ဟုတ်ပါ သည်။ မကူးစက်နိုင်သော ရောဂါများဖြစ်ရခြင်းသည် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ ထုတ်လုပ်သော စီးပွားရေးလုပ်ငန်းရှင်များ၊ အချိုရည်နှင့်အမြန်စားသောက် နိုင်သော စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင် များ၏ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရရှိရေးကို ဦးတည် ချက်ထားလွန်းပြီး လူအများ၏ကျန်းမာရေး ဆိုးကျိုးများ အတွက် အလေးထားမှု၊ ရှုမြင်မှု အားနည်းလွန်းခြင်း များကြောင့် တစ်ဖက်က ပညာပေးရေး အစီအမံများကို ဆောင်ရွက်နေစဉ်မှာပင် သုံးစွဲသူများ၊ အထူးသဖြင့် လူငယ် လူရွယ်တို့အား စိတ်ဝင်စားဖွယ်၊ စွဲမက်စေသော၊ လှပသော ပစ္စည်းအသစ်ပုံစံများဖြင့် ဆွဲဆောင်လျက်ရှိနေသည် ကိုလည်း ယနေ့ ကမ္ဘာတစ်ဝန်းတွင် တွေ့မြင်နိုင်ကြမည်ဖြစ် ပါ၏။
ထို့ကြောင့် ကျန်းမာရေးဌာနတစ်ခုတည်းဖြင့် ဆောင် ရွက်ရန် မစွမ်းသာပါ။ နှီးနွှယ်ဆက်စပ်သော ဌာနပေါင်းစုံဖြင့် ကန့်သတ်မှု၊ ထိန်းချုပ်မှုများကို ဆောင်ရွက်ကြရပေဦးမည် ဖြစ်ပါ၏။ စီမံခန့်ခွဲမှုစနစ်ကောင်းများဖြစ်သည့် ဥပဒေဖြင့် တားမြစ်ခြင်း၊ အခွန်အကောက် တိုးမြှင့်ကောက်ယူခြင်း၊ တရားမဝင် ပြည်တွင်းသို့ မှောင်ခိုသွင်းယူလာသော စီးကရက်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့်အတူ ဆေးရွက် ကြီးပါဝင်သော(နီကိုတင်းဓာတ်) ဆေးလိပ်အတုပစ္စည်း များ၊ သကြားဓာတ် အချိုများသော အစားအသောက်များ၊ ယမကာအရက်ပစ္စည်းအမျိုးမျိုးစသော လူသုံးကုန် ပစ္စည်းများကို ကျန်းမာရေးရှုထောင့်အသွယ်သွယ်မှ အမြော် အမြင်ကြီးစွာ တွေးတောနိုင်မှသာလျှင် ကာကွယ်နိုင်မည် ဖြစ်သည့်အတွက် ခက်ခဲစွာ ယှဉ်ပြိုင်ရသည့် ကစားပွဲပမာပင် ဖြစ်ပါကြောင်း ဖော်ပြလိုပါသည်။
၃။ အသံတိတ်လူသတ်သမားတို့အား သတိထား
မကူးစက်နိုင်သောရောဂါများသည် လတ်တလော သိသာခံစားရသော ရောဂါများမဟုတ်ပါ။ ကူးစက်တတ်သောရောဂါအမျိုးမျိုးတို့၏သဘောမှာ ရောဂါပျိုးချိန်အတိုအရှည်ကိုလိုက်၍ ရောဂါလက္ခဏာပေါ်တတ်သည့်အတွက် ရောဂါအမည်တပ်ရန် လွယ်ကူခြင်း၊ ကုစရာကုထုံးမှာလည်း အများစုသော ကူးစက်ရောဂါများအတွက်ရှိပြီးဖြစ်ခြင်းတို့ကြောင့် လက္ခဏာပေါ်သည်နှင့် စောစောသိ၊ စောစောကုသ ခြင်းဖြင့် ရောဂါကို ကာကွယ်ကုသနိုင်ပါသည်။ တချို့သော ရောဂါလက္ခဏာမပြသော၊ ပိုးသယ်သူများအဖြစ် လူထု အတွင်းရှိနေပြီး ကူးစက်နိုင်သော အစုအဖွဲ့သောရောဂါ အနည်းငယ်မှအပ ကျန်သောကူးစက်ရောဂါများသည် စောစောသိနိုင်ကြသည်သာဖြစ်ပါ၏။
သို့သော် မကူးစက်နိုင်သောရောဂါများဖြစ်သည့် ကင်ဆာရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောနှင့်နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ စသည်တို့သည် ကာလတစ်ခု အချိန်ယူပြီးမှ ရောဂါလက္ခဏာ ပေါ်လွင်လာသည်တို့ကြောင့် ကုသမှု နှောင့်နှေးရသည်က များပါသည်။ ထို့ပြင် ရောဂါဖြစ်ပြီး သက်ဆုံးတိုင် ကုသမှုခံယူရပြီး ကာလကြာရှည်စွာ ဆေးဝါး မှီဝဲရလေ့ရှိသည့်အတွက် စီးပွားရေး၊ လူမှုရေးတို့အား အထူး ပင် ထိခိုက်စေပါသည်။ ထို့ကြောင့် နိုင်ငံတော်၏ ဆင်းရဲမှု လျော့နည်းရေးအစီအမံများကိုပင် ထိခိုက်စေခြင်း၏ အကြောင်းရင်းတစ်ရပ်ပမာ ဖြစ်သည့်အတွက် နိုင်ငံရေး အမြင်၊ စီးပွားရေးအမြင်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အမြင်များဖြင့် အလေးထားဆောင်ရွက်ကြရမည်လည်း ဖြစ်ပါ၏။ ထို့ကြောင့် အသိမပြု၊ မသိလိုက်ခင်ပင် အသက် ဆုံးရှုံးရခြင်းများကြောင့် အသံတိတ်လူသတ်သမားပမာဟု တင်စားပြောဆိုကြခြင်းပင် ဖြစ်ပါသည်။
၄။ လူတိုင်းကျန်းမာဖို့ အငန်ကိုရှောင်စို့
သွေးတိုးရောဂါသည် အသံတိတ်လူသတ်သမားပင် ဖြစ်ပါသည်။ အများစုသောသူတို့သည် မိမိ၏ အိမ်နီးချင်းများ တွင်၊ မိမိ၏မိသားစုများအတွင်း၌ပင် “မူးသည်” ဆိုပြီး ရုတ်တရက် သေဆုံးသွားသည်များ၊ ညဦးပိုင်းကောင်းမွန်စွာ အိပ်ရာဝင်ပြီး နံနက်အိပ်ရာအထတွင် သွားခေါ်လျှင် အသက် မရှိတော့ခြင်း စသော ရုတ်တရက်သေဆုံးမှုများ၊ ထိုင်နေရင်း ပါးရွဲ့သွားလို့၊ ကိုယ်တစ်ပိုင်းလေဖြန်းသွားလို့ စသည့် အဖြစ်မျိုးတို့သည်လည်း ကြုံဖူးကြမည်သာဖြစ်ပါ၏။ ထိုသို့ ဖြစ်ရခြင်းသည် သွေးတိုးရောဂါကို မသိလိုက်၍ မကုသခဲ့ရ၍၊ ကုသသော်လည်း မှန်မှန်သွေးပေါင်တိုင်း၊ သတ်မှတ်ပေးထား သော သွေးကျဆေးကို အချိန်မှန်၊ အချိုးအစားမှန် မသောက် ကြသောကြောင့် ဖြစ်ကြရသည်ဟု သုံးသပ်ရမည်ဖြစ်ပါ၏။ သွေးတိုးရောဂါဖြစ်ရခြင်း အကြောင်းရင်းများစွာရှိပါသည်။
(က) မိသားစုအတွင်း သွေးတိုးရောဂါရှိခြင်း
(ခ) အဝလွန်ခြင်း
(ဂ) အသက်အရွယ်အားဖြင့်ကြီးသူများ
(ဃ) ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ (ကွမ်းယာ)သုံးစွဲသူများ
(င) အရက် အလွန်အကျွံသောက်သူများ
(စ) ငါးပိ၊ ငါးခြောက် အခြားသော အငန်ကဲသော အစားအသောက်များကို ကြာရှည်စွာ စားသုံး ခြင်း၊ စားသုံးလေ့ရှိသူများ
(ဆ) စိတ်လှုပ်ရှားလွယ်ခြင်း၊ ဒေါသကြီးခြင်း
ဖော်ပြပါအကြောင်းများအနက် “ငါးပိ၊ ငါးခြောက် နှင့် အခြားအငန်များကို ကြိုက်နှစ်သက်ကြသူများမှအပ ကျန်သောအကြောင်းအရာများသည် သိသာထင်ရှားဖွယ် တွေ့ရှိနိုင်ပါသည်။ ငါးပိ၊ ငါးခြောက်နှင့် အငန်ကဲထား သောအစားအသောက်များမှာ မြန်မာနိုင်ငံ၏ တောရွာ ဒေသ၊ မြို့ပြနေအများစုတို့၏ မသိမသာ၊ ပုံမှန်ဓလေ့ သဖွယ် စားသောက်နေထိုင်ကြသောကြောင့် သတိ မထားကြခြင်းများကို တွေ့ရမည်ဖြစ်ပါသည်။ ဥပမာအား ဖြင့် မြန်မာတို့၏ ထမင်းဝိုင်းတွင် အတို့အမြှုပ်နှင့်အတူ ငါးပိရည်ကျိုမွှေးမွှေးလေးတို့ကို မြင်ရသည်နှင့် တံတွေး မျိုချမိသည်အထိ မက်မောဖွယ်ရာသော အစားအသောက် ပင်ဖြစ်ပါ၏။
ထို့ပြင် ငါးရံ့ခြောက်မီးဖုတ် ဆီနိုင်နိုင်ဆမ်းထား သော ပန်းကန်ကိုတွေ့သည်နှင့်လှမ်းယူပြီး မြည်းကြည့်မိ သည်သာဖြစ်ပါ၏။ ထမင်းဝိုင်းကို ထိုင်ကြပြီဆိုသည်နှင့် အသားငါးပန်းကန်တို့အား ခပ်ယူသည်ထက် ငါးပိရည်၊ ငါးခြောက်ဖုတ်က ဇွန်းကိုယူပြီး ထမင်းပေါ်လောင်းထည့် ကြသည်သာဖြစ်ပါ၏။ ဆိုလိုသည်မှာ မြန်မာမှု စားသောက် မှုဓလေ့ပုံစံတွင် ငါးပိရည်၊ တို့စရာ၊ ငံပြာရည်ချက်၊ ငါးခြောက်ဖုတ် ဆီဆမ်းတို့သည် မပါမဖြစ်သော စားသောက်စရာများပင်ဖြစ်ပါသည်။ ယခုခေတ်ကာလ တွင်မူ အငန်ကဲသော အမြန်စားသုံးစရာများဖြစ်သည့် အကြော်အမျိုးမျိုး၊ အသင့်စားခေါက်ဆွဲထုပ်ခြောက်များ၊ ကြာဆံထုပ်များ စသည်တို့နှင့်အတူ ငံပြာရည်ကြော်၊ ငါးခြောက်ကြော်ဆိုသည်တို့သည် လွယ်လွယ်ကူကူ ဝယ်ရနိုင်ခြင်းနှင့်အတူ ချက်ရေးပြုတ်ရေး အချိန်မပေးနိုင် ကြသည့် လူငယ်လူရွယ်၊ အလုပ်သမားဝန်ထမ်းတို့အတွက် အလွယ်စားသောပစ္စည်းများအဖြစ် တွင်ကျယ်နေသည် ကိုလည်း တွေ့ရှိကြရမည်ဖြစ်ပါသည်။
စားပွဲတင်ဆား ငါးဂရမ်ထက်ပို၍ နေ့စဉ် စားသောက် ခြင်းဖြင့် နှလုံးရောဂါကိုဖြစ်စေနိုင်ခြင်း၊ လေဖြတ် နိုင်ခြင်းကို ဖြစ်စေနိုင်ကြောင်း ပညာရှင်များက ဆိုပါသည်။ ထို့ကြောင့် အိမ်သုံးဆားများအား လိုသည် ထက်ပို၍ စားသုံးခြင်းသည် သွေးတိုးရောဂါဖြစ်ရခြင်း၏ အဓိကကျသော အန္တရာယ်အပြုအမူ ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း ၄ ဒသမ ၁ သန်းသော လူပုဂ္ဂိုလ်တို့သေဆုံးမှုသည် ဆား စားသုံးမှုများ ခြင်းနှင့် ဆက်နွှယ်နေကြောင်း ဖော်ထုတ်ထားပါသည်။ ထို့ကြောင့် မိမိတို့စားသုံးသော အစားအစာများတွင် ဆားပါဝင်မှု အနည်းအများကို သတိကြီးစွာထား၍ စားသုံး သင့်ကြောင်း အကြံပြုထားပါသည်။ အိမ်သုံးဆားသည် ဆိုဒီယမ်ကလိုရိုက်ပါဝင်သောကြောင့် အဆိုပါ ဆိုဒီယမ် သည် သွေးတိုးခြင်းကိုဖြစ်စေနိုင်သည်။ ထို့ကြောင့် တစ်နေ့တာ ဆားသုံးစွဲမှုမှာ ငါးဂရမ်ထက် မကျော်ရန်နှင့် ဖြစ်နိုင်ပါက နှစ်ဂရမ်ထက်လျော့နည်းစားသုံးသင့်ပါ သည်။ ထို့ကြောင့် ဆားစား သုံးမှုများလျှင် သွေးတိုး ရောဂါကိုရစေပြီး နှလုံးကို ထိခိုက်ခြင်း၊ လေဖြတ်ခြင်းတို့ ကြောင့် ငယ်ရွယ်သူများပင် သေဆုံးနိုင်သောရောဂါ ဖြစ်သောကြောင့် သွေးတိုးရောဂါသည် “အသံတိတ် လူသတ်သမား(Silent Killer)” ဟူ၍ တင်စားခေါ်ဆိုခြင်း ပင် ဖြစ်ပါ၏။
၅။ လူတိုင်းသက်ရှည်ကျန်းမာဖို့ အငန်လျှော့စားစို့ နည်းလမ်းများ
(က) အငန်ကဲသော၊ ဆားပါသော (ဆိုဒီယမ်) ပါသော အစားအသောက်အမျိုးအစားများကို မစားမိ စေရေးအတွက် မည်သည့်အစားအစာသည် အငန်(ဆား)ပိုပါသည်ကို စူးစမ်းဖော်ထုတ် လျက် သတိပြုရှောင်ရှား စားသောက်ခြင်း၊
စာမျက်နှာ ၂၅ သို့ v
- Log in to post comments