
နေပြည်တော် မတ် ၃
မွန်ပြည်နယ် သထုံမြို့နယ်၌ အမှတ်(၉၀) အစုန်ရထားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၂ ရက် နံနက် ၁၀ နာရီခန့်တွင် မွန်ပြည်နယ် သထုံ မြို့နယ် နန်းခဲရပ်ကွက်ရှိ သထုံဘူတာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မော်လမြိုင်မှ ရန်ကုန်သို့ စက်ခေါင်းမောင်း ဦးမင်းလွင်၊ ရထားထိန်း ဦးမြင့်အောင်၊ တွဲထိန်း ဦးသန်းဇော်ဦးတို့ မောင်းနှင်လာသည့် လူစီးတွဲ ၁၂ တွဲ၊ မိုင်းခံတွဲ တစ်တွဲ၊ ဂတ်တွဲ တစ်တွဲပါ ခရီးသည် ၃၅၀ ခန့် လိုက်ပါ လာသည့် စက်ခေါင်းအမှတ် DF 1228 အမှတ် (၉၀) အစုန်ရထားသည် ရထားလမ်းမိုင်တိုင်အမှတ် ၁၃၈ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြား သထုံ ဘူတာနှင့် ၆ ဖာလုံခန့်အကွာ အလံချိုးသည့်နေရာအရောက်တွင် ရထား တွဲအမှတ် BDFEZ-12205 ဒုတိယတွဲ(ပထမတန်း)အောက်မှ လက်လုပ် အသံမိုင်း တစ်လုံး ပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ကွန်ကရစ် ဇလီဖားတုံး တစ်တုံး လေးလက်မပတ်လည်ခန့်ပျက်စီးခဲ့ပြီး သံလမ်း ထိန်းကလစ် တစ်ကွင်း အနည်းငယ်ကွေးသွားခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်စေရန်အတွက် ရထားအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်