စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ KG တန်း စာသင်ခန်းအတွင်း အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ

 

နေပြည်တော်   မတ်   ၄


စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်းမြို့နယ် တလိုင်း ကျေးရွာရှိ    အခြေခံပညာအထက်တန်းကျောင်း၌ မတ် ၂ ရက် ည ၁၀ နာရီခွဲခန့်တွင် အကြမ်းဖက်သမား များ    ထောင်ထားသည့်   လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။ 

 


ဖြစ်စဉ်မှာ အဆိုပါကျောင်းဝင်းအတွင်း ရဲမာန် အောင်(၁)ကျောင်းဆောင်ရှိ KG တန်း စာသင်ခန်း အတွင်း၌ မိုင်းတစ်လုံးပေါက်ကွဲကြောင်း  သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ရာ   အကြမ်းဖက်သမားများ     ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားသည်ကို  တွေ့ရှိ ရပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးကို   ထပ်မံတွေ့ရှိခဲ့သဖြင့်    အန္တရာယ်ကင်းဝေးစေရေး အတွက် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရှိရ သည်။ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် KG စာသင် ခန်းအတွင်းရှိ မျက်နှာကျက် ၁၀ ချပ်ခန့် ပျက်စီးခဲ့ ကြောင်း သိရှိရသည်။ 

 


အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်