
နေပြည်တော် အောက်တိုဘာ ၁၇
“Inspiring the Present, Envisioning the Future” ခေါင်းစဉ်ဖြင့် ကျင်းပ သည့် University of New South Wales Virtual ASEAN Conference 2020 ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် အနာဂတ်မျိုးဆက် သစ်များအတွက် အကောင်းဆုံး သိပ္ပံ နှင့်နည်းပညာ ဗဟိုဌာနတစ်ခု အဖြစ် နယူးဆောက်ဝေးလ်တက္ကသိုလ် (UNSW) ၏ ကျော်ကြားမှုကို အသိ အမှတ်ပြုပြောကြားခဲ့ပြီး UNSW တွင် မြန်မာနိုင်ငံမှ ပညာသင်ရောက်ရှိ နေသည့် ကျောင်းသားများကိုလည်း လေ့လာသင်ယူခဲ့သည့် အသိအမြင် နှင့် ကျွမ်းကျင်မှုများအား မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်း ဆုံးအသုံးချနိုင်ရန် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍများမှ ကြိုဆိုလျက် ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ယနေ့သည် အပြည်ပြည် ဆိုင်ရာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး နေ့နှင့် တိုက်ဆိုင်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စွမ်းဆောင်မှုများ ရှင်းလင်း ပြောကြားခဲ့ပြီး စီးပွားရေးနှင့် နိုင်ငံ ရေးကဏ္ဍများတွင် အမျိုးသမီးများ ပိုမိုပါဝင်လာမှုတို့ကို ထည့်သွင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများဖြစ်သော ရာသီ ဥတုပြောင်းလဲမှု၊ ကမ္ဘာ့နိုင်ငံများ အကြားကုန်သွယ်ရာတွင် စည်းမျဉ်း အခြေခံသည့်ကုန်သွယ်မှုကို ထူထောင် ဆောင်ရွက်ရန်လိုအပ်မှု၊ နိုင်ငံများ အတွင်း ဆင်းရဲ၊ ချမ်းသာကွာဟမှု မြင့်တက်လာခြင်းကို တစ်ကမ္ဘာလုံးက ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်နေချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ သက်ရောက် မှုများပါ ထပ်ဆင့်ခံစားနေရသဖြင့် မျိုးဆက်သစ် လူငယ်များအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ၁၉၉၀ မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဆင်းရဲ နွမ်းပါးသူဦးရေကို ထက်ဝက်လျှော့ချ နိုင်ခဲ့ကြောင်း၊ ငှက်ဖျားရောဂါကို ပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့သလို စာမတတ်သူပပျောက်ရေးကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင် ခဲ့ကြောင်း။
ကမ္ဘာ့ GDP ၏ ၃၀ ရာခိုင်နှုန်း အထိ ကိုယ်စားပြုမည့် ဒေသတွင်း သာယာဝပြောမှုနှင့်လုံခြုံမှုကို မျှဝေ ခံစားနိုင်မည့် အာဆီယံ ၁၀ နိုင်ငံ နှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုက ကမ္ဘာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုကို ပိုမိုတိုးမြှင့်ရာတွင် အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း အလေး ထား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဒီမို ကရေစီရေးနှင့် သာယာဝပြောရေး အတွက် ဩစတြေးလျနိုင်ငံ၏ပူးပေါင်း ကူညီပေးခဲ့မှုအတွက် ဩစတြေးလျ ပြည်သူများကိုလည်း ကျေးဇူးတင် ရှိကြောင်း ပြောကြားသည်။
အဆိုပါညီလာခံကို သုံးရက်ကြာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်