မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၅ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ် ၄ ရက် နံနက် ၁၀ နာရီခွဲတွင် လွိုင်ကော်မြို့နယ် လွယ်တမူကျေးရွာအုပ်စု လွယ်တမူ(ကုန်း)ကျေးရွာ လွိုင်ကော်-ဆီဆိုင် သွားကားလမ်းတွင် ခွန်ဝင်းဇော်မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၀ ကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေပေးကျေးရွာ မြို့ပတ်(၁)လမ်းတွင် ရဲလင်းဝင်း(ခ) ဖိုးရဲကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ညနေ ၅ နာရီတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ရေတာရှည်မြို့နယ် သာဂရကျေးရွာအုပ်စု ဒေဝကျေးရွာ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ်(၁၉၀/၅)နှင့် (၁၉၀/၆) ကြားတွင် အောင်မြင့်မြတ် မောင်းနှင်လာသည့် Nissan Diesel အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ Ammon-ium Nitrate ၁၂၈၇၅ ကီလိုကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက် စင်ကောလီလမ်း အမှတ် (၆၆/၆၈) နေ မနန်းအေဟွမ် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ရဲပြန်ကြား