
နေပြည်တော် အောက်တိုဘာ ၁၈
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ယနေ့ နောက်ဆုံးနေ့အဖြစ် ကြိုတင်ဆန္ဒမဲ များ ဆက်လက် ပေးခဲ့ကြရာ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၅၀၃ ဦး၊ ဆိုးလ်မြို့ရှိ မြန်မာ သံရုံး၌ မဲဆန္ဒရှင် ၇၂ ဦးနှင့် စင်ကာပူ ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၂၂၆၀ ခန့် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒူဘိုင်းမြို့ရှိ ပြင်ပမဲရုံခွဲ၌ ယနေ့ နောက်ဆုံးနေ့အဖြစ် မဲရုံ ဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင် ၁၈၀ ခန့် ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။
မြန်မာသံရုံးများ၌ ကြိုတင် ဆန္ဒမဲ လာရောက်ပေးသူများအား သက်ဆိုင်ရာနိုင်ငံများမှ ချမှတ်ထား သော ကိုဗစ်ရောဂါ ကာကွယ်တားဆီး ရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ စနစ်တကျစီစဉ် ပံ့ပိုးဆောင်ရွက် ပေးခဲ့ပြီး မဲဆန္ဒရှင်များကလည်း
မြန်မာသံရုံးများမှ စီစဉ်ဆောင်ရွက်ထားရှိသည့်အတိုင်း လိုက်နာကာ စနစ်တကျဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။
သို့ပါ၍ ယနေ့တွင် မြန်မာသံရုံးသုံးရုံးနှင့် ပြင်ပမဲရုံခွဲ တစ်ခုတို့၌ မဲဆန္ဒရှင် စုစုပေါင်း ၃၀၁၅ ဦးခန့် ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်