ရေနံချောင်းမြို့၌ ပလတ်စတစ်ပုံးအတွင်းသို့ ဓာတ်ဆီလှယ်ထည့်စဉ် မီးလောင်မှုဖြစ်ပွား

 

ရေနံချောင်း မတ် ၆


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ သစ်တပွေရပ်ကွက်၌ မော်တော်ယာဉ်ပေါ်တွင် ပလတ်စတစ်ပုံးအတွင်းသို့ ဓာတ်ဆီ(92) လှယ်ထည့်စဉ်  မီးလောင်မှု  မတ်  ၄  ရက် ည ၇  နာရီခန့်က ဖြစ်ပွားခဲ့ ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 


သစ်တပွေရပ်ကွက်  အရှေ့ရပ်ရှိ  ဒေါ်နိုင်နိုင်ဝင်း၏  နေအိမ်ရှိ 4G/---      Mazda Titan    အဖြူရောင်ယာဉ်ပေါ်တွင်      ငါးဂါလန်ဆံ့ ပလတ်စတစ်ပုံးအတွင်းသို့    ဓာတ်ဆီ  (92)  များ    လှယ်ထည့်စဉ် တည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်ကာ    မီးစတင်လောင်ရာ   ကားနောက် အဖုံးသို့      ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း      မီးသတ်ဦးစီး  ဌာနမှတ်တမ်းအရ သိရပြီး မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက  မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ် နှစ်စီးဖြင့်   သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း၊   မီးလောင်မှုကြောင့်  ကားနောက်ဖုံး အနည်းငယ်သာ မီးလောင်ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရမှုမရှိကြောင်း၊   မီးလောင်မှုနှင့်  ပတ်သက်၍  ဒေါ်နိုင်နိုင်ဝင်းအား ရေနံချောင်း  မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။


မြို့နယ် (ပြန်/ဆက်)