
မောင်တော မတ် ၅
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မတ် ၄ ရက် ည ၈ နာရီ ၁၀ မိနစ်က မြို့မအရှေ့ရပ်ကွက် ရုပ်ရှင်ရုံလမ်း၌ နေအိမ်တစ်လုံး လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေး ဦးသန့်ဇင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် နှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်ရသည့် အကြောင်းအရင်းမှာ နှစ်ပင်လိမ်လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲပြီး အနီးရှိ အိမ်အကာ ဖြစ်သည့် မိုးကာစသို့ မီးစတင်ကူးစက် လောင်ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဦးဗိုလ်နီ၏ သွပ်မိုး၊ ဝါးထရံကာ ၊ ပျဉ်ခင်းနေအိမ် ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မောင်တောပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင်ဦးဗိုလ်နီ အား အမှုဖွင့်ထားကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)