
နေပြည်တော် မတ် ၆
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၅ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ဗန်းမော်မြို့ နန့်ဖားရပ်ကွက်နေ ခင်မောင်သန်း (ခ) ဖိုးသား၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၇၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ည ၇ နာရီတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ် ကလွင်ကျေးရွာနေ အောင်အောင် (ခ) ကိုအောင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ပြင်ဦးလွင်မြို့နယ် ဝက်ဝံ ကျေးရွာ ပူးပေါင်းစစ်ဆေးရေး စခန်းအနီးတွင် Wish အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၁၃၀ ကို လည်းကောင်း။
ထို့ပြင် ယင်းနေ့ ညနေ ၆ နာရီ တွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ကွမ်းလုံ မြို့နယ် ဟိုလီကျေးရွာအနီး သိန္နီ-ကွမ်းလုံသွားကားလမ်း မိုင်တိုင် အမှတ်(၄၂)တွင် Tiger 4 Wheel အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းမှာ ယာဉ်ကိုရပ်တန့် ၍ ထွက်ပြေးသွားသဖြင့် ပူးပေါင်း အဖွဲ့က မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၈၀ ကီလိုကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချို မြို့နယ် တောင်ရှည်ကျေးရွာအုပ်စု မကျီးရေကျေးရွာအနီး နောင်ချို-ရပ်စောက်သွား ကားလမ်းပေါ်တွင် ဇော်လွင်မျိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၂၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၆ နာရီခွဲ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည်လွိုင်လင် မြို့နယ် ပင်လုံ(အရှေ့)ကျေးရွာ ပင်လုံ-လဲချားသွားကားလမ်းပေါ် တွင် သန့်နိုင် မောင်းနှင်လာသည့် Mark-II အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား