ယခုရက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား နေ့စဉ်ပြတ်တောက်မှုကြောင့် ပြည်သူ များ၏ လူမှုစီးပွားနေထိုင်မှုဘဝများ၌ အခက်အခဲများရှိနေမည်ဖြစ်သည်။ ပြည်သူ များအား လျှပ်စစ်ဓာတ်အား အပြည့်အဝပေးနိုင်အောင် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း လျှပ်စစ်ဓာတ်အားပေးဝေမှုတွင် လတ်တလော၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများရှိနေသည်ကို ပွင့်လင်းမြင်သာစွာ အသိပေးရမည်ဖြစ်သည်။
အများပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် လက်ရှိကာလတွင် ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ ၆၆၇ မဂ္ဂါဝပ်ခန့်၊ ဓာတ်ငွေ့အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများမှ မဂ္ဂါဝပ် ၁၅၀၀ ခန့်နှင့် ဒီဇယ်ဓာတ်အားပေးစက်များမှ ကိုးမဂ္ဂါဝပ်နီးပါး စုစုပေါင်း မဂ္ဂါဝပ် ၂၀၀၀ ကျော်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်ပေးလျက်ရှိသည်။ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားများကို တစ်နိုင်ငံလုံးက ရယူသုံးစွဲလျက်ရှိရာ နေ့ဘက်တွင် အများဆုံးမဂ္ဂါဝပ် ၃၄၀၀ ခန့်၊ ညဘက်တွင် အများဆုံးမဂ္ဂါဝပ် ၃၆၀၀ ခန့်ရှိပြီး တစ်ရက်တာ ပျမ်းမျှမဂ္ဂါဝပ် ၂၆၀၀ ခန့် သုံးစွဲလျက်ရှိသည်။
ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အား မဂ္ဂါဝပ် ၄၂၀၀ ခန့်ထုတ်လုပ်နိုင်သော် လည်း ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဘီလူးချောင်းဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ရွှေမြို့ဓာတ်အားလိုင်း၊ တောင်ငူဓာတ်အားလိုင်းနှင့် တီကျစ်ဓာတ်အားလိုင်းများကို အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အဆိုပါဓာတ်အားလိုင်း သုံးလိုင်းမှ နိုင်ငံတော်ဓာတ်အားလိုင်းသို့ ပုံမှန်ပို့လွှတ်လျက် ရှိသော မဂ္ဂါဝပ် ၂၂၀ ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိ သည်။ ထိုအခါ စုစုပေါင်း ဓာတ်အားထုတ်လွှတ်နိုင်မှုမဂ္ဂါဝပ် ၉၇၀ ခန့်မှာ ဆက်လက် လျော့နည်းနေသဖြင့် ဝန်အားထိန်းညှိခြင်းများဆောင်ရွက်ပြီး အလှည့်ကျဓာတ်အား ပေးခြင်းများ ဆောင်ရွက်ရသည်။
ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့်ရွှေကမ်းလွန် စီမံကိန်းများနှင့် ကုန်းတွင်းဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့များကိုအသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိပြီး လက်ရှိတွင် ရွှေကမ်းလွန်စီမံကိန်းမှ တစ်ရက်သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၁၃၀ ကို အသုံးပြု၍ ဓာတ်အား ၆၆၈ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။ ယခုအခါ ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံ တူးဖော်တွေ့ရှိသော တွင်းသစ်နှစ်တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိ ပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းကို မတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည် ဖြစ်သောကြောင့် ဆောင်ရွက်နေစဉ် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီး ပိုက်လိုင်း အတွင်းကျန်ရှိသော ရွှေသဘာဝဓာတ်ငွေ့မှ စုစုပေါင်းဓာတ်အား ၃၃၄ မဂ္ဂါဝပ် ခန့်သာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်တော့မည်ဖြစ်သည်။
ထိုသို့သောအခြေအနေအရပ်ရပ်၊ အကြောင်းအမျိုးမျိုးတို့ကြောင့် ထပ်မံ လျော့နည်းသွားမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပါအဝင် စုစုပေါင်းလျော့နည်း သွားမည့် ၁၃၀၄ မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့နေရာဒေသများတွင် ၂၄ နာရီ ဝန်အားလျှော့ချရခြင်းများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သော ကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။ လျှပ်စစ်ဓာတ်အားပြတ်တောက်ရခြင်းသည် နိုင်ငံတော်က မဆောင်ရွက်ပေးနိုင်၍ မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားတာဝါတိုင်များ ဖျက်ဆီးခံရမှု၊ ဝယ်ယူသုံးစွဲရသည့် စရိတ်များကြီးမြင့်မှုနှင့် ပြင်ဆင်စီမံဆောင်ရွက်နေမှုတို့ကြောင့် ပြည်သူလူထု လျှပ်စစ်ဓာတ်အားရရှိမှုတွင် လိုအပ်ချက်များရှိနေခြင်းဖြစ်သည်။
သို့ဖြစ်ရာ အချို့နေရာဒေသများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ပြီး အချို့နေရာများတွင် အလှည့်ကျပေးဝေမှုများ ပြုလုပ်နေရသည်ဖြစ်သော ကြောင့် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုရှိနေသည်များကို နားလည်ပေးနိုင် ပါရန်၊ လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရန်နှင့် စီမံကိန်းအသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ လတ်တလောအခက်အခဲများကို နားလည်ပေးပြီး နောင်ကာလတွင် လျှပ်စစ် ဓာတ်အားများ ပုံမှန်ပြန်လည်ရရှိလာမည်ကို ပွင့်လင်းမြင်သာစွာဖြင့် အသိပေးအပ် ပါကြောင်း။ ။