
နေပြည်တော် မတ် ၄
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ “တရားရုံးက ဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေး စမ်းသပ်အစီအစဉ်” ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန − ၂ (MICC – 2) တွင် ကျင်းပ သည်။
သုံးသပ်တွေ့ရှိရ
အခမ်းအနားတွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စု တရားလွှတ်တော်ချုပ် အနေဖြင့် တရားစီရင်ရေးမဟာဗျူဟာ စီမံကိန်း(၂၀၁၈-၂၀၂၂)၏ မဟာဗျူဟာ ရည်မှန်းချက် ၅ ဒသမ ၃ တွင် အငြင်း ပွားမှုများကို တရားရုံးက ထိရောက် မြန်ဆန်စွာ ဖြေရှင်းပေးသောစနစ် များကို သတ်မှတ်ဆောင်ရွက်ရန် ရည်မှန်းချက်နှင့်အညီ ၂၀၁၉ ခုနှစ်က ခရိုင်တရားရုံး နှစ်ရုံးနှင့် မြို့နယ်တရား ရုံး နှစ်ရုံးတို့တွင် “တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေ ရှင်းရေးစမ်းသပ်အစီအစဉ်”ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ တစ်နှစ်တာ ဆောင်ရွက် ချက်၏ရလဒ်များအရ စမ်းသပ်အစီ အစဉ်ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက် သင့်သည်ဟု သုံးသပ်တွေ့ရှိရသည့် အတွက် ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင်အတွင်း ရှိ ပျဉ်းမနားမြို့နယ် တရားရုံး၊ လယ်ဝေး မြို့နယ်တရားရုံး၊ ဇမ္ဗူသီရိမြို့နယ် တရားရုံး၊ ပုဗ္ဗသီရိမြို့နယ်တရားရုံး၊ ဥတ္တရသီရိမြို့နယ်တရားရုံးနှင့် ဒက္ခိဏ သီရိမြို့နယ်တရားရုံးတို့တွင် ယင်း စမ်းသပ်အစီအစဉ်ကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် တရားမမှု များတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးအတွက် လိုအပ် သည့် ဥပဒေပြဋ္ဌာန်းချက်များ ပြဋ္ဌာန်း နိုင်ရေး ပြင်ဆင်ဆောင်ရွက်ရာတွင် များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် စေ့စပ်ဖြေရှင်းရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များ ရေးဆွဲလျက်ရှိ ပြီး ၂၀၂၂ ခုနှစ်တွင် အကောင်အထည် ဖော်ရန် ရည်မှန်းထားကြောင်း၊ ရှေ့လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့ အစည်းများအနေဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့်အတူ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာ ရပ်ခံလိုပါကြောင်း ပြောကြားသည်။
ပူးပေါင်းပါဝင်သွားမည်
ထို့နောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ မြန်မာရုံး ကိုယ်စားလှယ် အကြီးအကဲ Mr. Karasawa Masayuki က ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားရုံးက ဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေး စမ်းသပ်အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ပါဝင်ကူညီခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နောင် တွင်လည်း ဆက်လက်ပူးပေါင်းပါဝင် သွားမည်ဖြစ်ပါကြောင်း အဖွင့် နှုတ်ဆက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ “တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ချမှတ် အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ”ဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်က ၂၀၁၉ ခုနှစ် မတ် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၉ ရက်အထိ တစ်နှစ်တာ ကာလအတွင်း စမ်းသပ်အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သည့် တရားရုံးများ၏ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက စမ်းသပ်အစီအစဉ် တစ်နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းစဉ်များ ရှင်းလင်း တင်ပြခြင်းတို့ကို ဆောင်ရွက်ကြ သည်။ ထို့နောက် ပြည်ထောင်စု တရားသူကြီးချုပ်သည် ဖိတ်ကြားထား သော ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
တက်ရောက်
ယနေ့အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ် တရားသူကြီးများ၊ ဒုတိယရှေ့နေ ချုပ်၊ လွှတ်တော်ရေးရာ ကော်မတီများ မှ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဥပဒေ ဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ တရားသူ ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ အစိုးရဌာနဆိုင်ရာအသီးသီး မှ ဝန်ထမ်းအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ JICA မြန်မာရုံးအကြီး အကဲနှင့် JICA တရားရေးရာနှင့် ဥပဒေ ရေးရာစီမံကိန်းမှ တာဝန်ရှိသူများ၊ ရှေ့နေအသင်းများ၊ စမ်းသပ်အစီအစဉ် တိုးချဲ့ဆောင်ရွက်မည့် တရားရုံးများ တွင် လိုက်ပါဆောင်ရွက်သည့် ရှေ့နေ များ၊ လူမှုအဖွဲ့အစည်းများမှ တရား မျှတမှုကဏ္ဍနှင့် သက်ဆိုင်သူများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် နှင့် တရားရုံးအဆင့်ဆင့်မှ တရားရေး အရာရှိများ၊ တရားသူကြီးများနှင့် ဖိတ်ကြားထားသော အထူးဧည့်သည် တော်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြကြောင်း သိရ သည်။
သတင်းစဉ်