ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမေး ၊ အဖြေအစီအစဉ် ဆက်လက်ထုတ်လွှင့်မည်

 

နေပြည်တော် အောက်တိုဘာ ၁၉


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး၊ အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့ များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက် ရှိသည်။
အောက်တိုဘာ ၂၀ ရက် ညနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း ၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့် ဆောင်ရွက်နိုင်ရေးအဖွဲ့ဝင် ကျန်းမာရေးပညာရှင်ကြီးများ နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေးပညာရှင်များဖြစ်သည့် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင် ညွှန်ကြား ရေးမှူးချုပ် (အငြိမ်းစား) ပါမောက္ခ ဒေါက်တာ စိုးလွင်ငြိမ်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ပါမောက္ခ/ဌာနမှူး (မေ့ဆေး) ပါမောက္ခ ဒေါက်တာမူမူနိုင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဆေးတက္ကသိုလ် (၂)ရန်ကုန် ၊ပါမောက္ခ (အပူပိုင်း/ ကူးစက်) ပါမောက္ခ ဒေါက်တာစံပယ်ဖြူ တို့က ပြည်သူ များ သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားချက်များကို ဆက်လက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်