ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများကို ပြစ်ဒဏ်ချမှတ်

 

နေပြည်တော်  မတ်      ၁၁


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်     (၁၀၈)ရပ်ကွက်နေ     ပပလင်း  (ဘ)ဦးခင်တီ၊     ရွှေပြည်သာမြို့နယ် (ဏ/၁၄)ရပ်ကွက်နေ ဖြိုးမင်းထွန်း (ခ) ကိုဖြိုး(ဘ)ဦးဇော်မင်းထွန်းနှင့် (ဒ/၁၇)ရပ်ကွက်နေ    ညီညီထူး(ခ)ကြွက်သိုက်(ဘ)  ဦးသန်းဆွေတို့ သည်   ၂၀၂၂ ခုနှစ်   ဇန်နဝါရီလ အတွင်း၌    ရွှေပြည်သာမြို့နယ် အတွင်းရှိ   အုပ်ချုပ်ရေးမှူးရုံးနှင့် လှော်ကား   နယ်မြေရဲစခန်းတို့ကို         မိုင်းခွဲတိုက်ခိုက်ခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊  အကြမ်း ဖက်မှုတိုက်ဖျက်ရေး    ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ     အမှတ် (၂/ ၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများ အဖြစ်      သတ်မှတ်ကြေညာထား သည့်       အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊  လက်နက်ခဲယမ်း များ  သိုဝှက်သိမ်းဆည်းခြင်းနှင့် သယ်ဆောင်ခြင်းတို့ကြောင့်    စစ် အုပ်ချုပ်ရေး   (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ    အကြမ်းဖက်မှုတိုက် ဖျက်ရေး  ဥပဒေပုဒ်မ ၅၀ (ဈ)အရ ၂၀၂၂ ခုနှစ်    မတ် ၁၀ ရက်တွင် ၎င်းတို့ သုံးဦးကို    “ထောင်ဒဏ် တစ်သက်”     ပြစ်ဒဏ်    အမိန့် ချမှတ်လိုက်ကြောင်း       သိရှိရ သည်။

 


စစ်အုပ်ချုပ်ရေး      အမိန့် ထုတ်ပြန်     ကြေညာထားသည့် မြို့နယ်များအတွင်း  စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ  ၂၃ မျိုး ကိုလည်း      ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့်  အဆိုပါပြစ်မှုများကိုဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံး ဖွဲ့၍   စစ်ဆေးမှုများ  ဆောင်ရွက် ကာ  ထိထိရောက်ရောက် မြန်မြန် ဆန်ဆန်   အရေးယူဆောင်ရွက် လျက်ရှိကြောင်း      သတင်းရရှိ သည်။


သတင်းစဉ်