
နေပြည်တော် မတ် ၁၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းအတွင်းနှင့် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ ၁၀ ဒသမ ၈၅၂၄ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၃၄၉၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ ပူးပေါင်း စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပန်းသစ်တော်သီး ဖာ ၁၅၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၀၀၇၅၀) နှင့် ချောင်းဆိုးပျောက်ဆေး ရည် ဖာ ၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၀၇၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။ သို့ဖြစ်ပါ၍ မတ် ၁၁ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ သုံးမှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၈၃၅၆၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်