
နေပြည်တော် မတ် ၁၂
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင် ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှု မရှိသည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သမားများက ပညာရေး ဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲ ခြင်း၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။
မီးလောင်ပျက်စီးဆုံးရှုံး
ထိုသို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိရာ မတ် ၁၁ ရက် နံနက် ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် လက်ပန်ဇင် ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအား PDF အမည်ခံ အကြမ်း ဖက်သမားများက မီးရှို့ ဖျက်ဆီးခဲ့သဖြင့် အဆိုပါကျောင်းဝင်းအတွင်း တည်ဆောက်ထားသည့် အလျားပေ ၉၀၊ အနံပေ ၃၀ သွပ်မိုး၊ အုတ်နံရံ ကပ် စာသင်ကျောင်းဆောင် တစ်ဆောင်နှင့် ကျောင်းဆောင်အတွင်းရှိ သင်ထောက်ကူပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးကြောင်း သိရသည်။
ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး
ထိုကဲ့သို့ အနာဂတ် လူငယ်၊ လူရွယ်များ ပညာသင်ကြားမှု အခွင့် အလမ်း ဆုံးရှုံးသွားစေရန် စာသင်ကျောင်းဆောင်ကို မီးရှို့ဖျက်ဆီး ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်