နမ့်ခမ်းမြို့၌ ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီရမိသည့် ကာလတန်ဖိုးငွေကျပ် ၁၄၇ သန်းကျော်ရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖျက်ဆီး

 

နမ့်ခမ်း    မတ်   ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)  မူဆယ်ခရိုင်  နမ့်ခမ်းမြို့ရှိ   မြို့မရဲစခန်းမှ ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် ထိန်းချုပ်ဓာတုပစ္စည်းများ မြေမြှုပ် ဖျက်ဆီးခြင်းကို  ယနေ့နံနက်က နမ့်ခမ်းမြို့နယ်  မန့်ပုံကျေးရွာ  ရွှေလီ ကြိုးတံတားအနီးရှိ  တောင်ကုန်းတစ်နေရာ၌  မြေမြှုပ်ဖျက်ဆီးသည်။
နမ့်ခမ်းမြို့ မြို့မရဲစခန်းမှ  ၂၀၂၁ ခုနှစ်အတွင်းတွင်  ဖမ်းဆီးရမိသည့် ဓာတုပစ္စည်းနှင့်  ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၇/၃၈ အမှုမှ  သက်သေခံပစ္စည်းများဖြစ်သည့် ထိန်းချုပ် ဓာတုပစ္စည်း Dimethyl Sulfate(DNE)  ၄၈၀၀ လီတာ  ကာလတန်ဖိုး ၇၂ သန်းနှင့်   Theophylling   ၁၈၇၅  ကီလို  ကာလတန်ဖိုး ၇၅ သန်းကျော်  စုစုပေါင်းတန်ဖိုးငွေကျပ် ၁၄၇ သန်းကျော် မြေမြှုပ်ဖျက်ဆီးခဲ့ သည်။
ဓာတုထိန်းချုပ်ပစ္စည်းများ  မြေမြှုပ်ဖျက်ဆီးခြင်းကို မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဝင်းအောင်၊  ရဲမှူး အောင်ဇင်ဦး၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများက  တက်ရောက်မြေမြှုပ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။                          

ဆိုင်ထွန်း(နမ့်ခမ်း)