KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ကရိတ်မြို့နယ် တတန့်ကူး ကျေးရွာအနီး မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်၌ သွားလာနေသည့် ခရီးသည်တင် မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား မီးရှို့ဖျက်ဆီး

 

နေပြည်တော် မတ်  ၁၂


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တတန့်ကူးကျေးရွာအနီးရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်၌ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များကို    ယနေ့နံနက်ပိုင်းတွင်     KKO (ခွဲထွက်)အဖွဲ့နှင့်  PDF  အမည်ခံ  အကြမ်းဖက်သမားများ  ပါဝင်သော ပူးပေါင်းအဖွဲ့က  လက်နက်ငယ်များဖြင့်    ပစ်ခတ် ရပ်တန့်စေပြီး     မော်တော်ယာဉ် များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ    မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ကုန်ပစ္စည်း များတင်ဆောင်လာသည့်   မြဝတီ- ကော့ကရိတ်သွား   အာရှလမ်းသစ် အတိုင်း     မောင်းနှင်လာသော ၁၀ ဘီးယာဉ်တစ်စီးသည် ယနေ့ နံနက် ၇ နာရီ   မိနစ် ၄၀ တွင် တတန့်ကူးကျေးရွာ၏    အရှေ့ မြောက်ဘက်  မီတာ  ၇၀၀  ခန့် အကွာ၌   KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား များပါဝင်သော အင်အား  ၁၀   ဦး ခန့်က   လက်နက်ငယ်များဖြင့် ပစ်ခတ်ရပ်တန့်စေပြီး  ယာဉ်မောင်း အား   ယာဉ်ပေါ်မှ ဆင်းခိုင်းကာ မော်တော်ယာဉ်ကို   မီးရှို့ဖျက်ဆီး ခဲ့သည်။ 

 


အလားတူ  ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်တွင်လည်း   မြဝတီမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် ရွှေစင် စင်္ကြာခရီးသည်တင်  မော်တော် ယာဉ်နှင့်  ၂၂   ဘီးယာဉ်တစ်စီး တို့အား KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား များပါဝင်သော အင်အား ၁၅ ဦးခန့် က တတန့်ကူးကျေးရွာ၏ အရှေ့ ဘက် မီတာ ၃၀၀  ခန့်ရှိ မြဝတီ-ကော့ကရိတ်သွားအာရှလမ်းသစ် ၌ ယာဉ်များအား ရပ်တန့်စေပြီး  ခရီးသည်များနှင့်    ယာဉ်မောင်း များကို   ယာဉ်ပေါ်မှ ဆင်းခိုင်း၍ မော်တော်ယာဉ်များအား   မီးရှို့ ဖျက်ဆီးခဲ့သည်။ 

 


ထို့ပြင်   ဖာပွန်-ကမမောင်း လမ်းကြောင်းတစ်လျှောက် လုံခြုံ ရေး ဆောင်ရွက်ရန် ထွက်ခွာလာ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်ခန့် တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပါဝင်သော အင်အား ၃၀  ခန့်က တတန့်ကူး ကျေးရွာအနီးရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းသစ် ၌ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့်      ပစ်ခတ်တိုက်ခိုက် သဖြင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဖြစ်စဉ်နေရာတစ်ဝိုက်ကို    လုံခြုံ ရေးလုပ်ငန်းများ    ဆက်လက် တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ထိုကဲ့သို့    စစ်ရေးပစ်မှတ် မဟုတ်သည့် အစိုးရရုံးအဆောက် အအုံများနှင့် အများပြည်သူနေအိမ် များအပြင် အများပြည်သူသွားလာ နေသည့် လမ်းမကြီးများနှင့် ခရီး သွားပြည်သူများအား ပစ်မှတ်ထား  ပစ်ခတ်တိုက်ခိုက်ခြင်းနှင့်    လူမှု စီးပွားကို  ထိခိုက်ပျက်စီးစေပြီး ကုန်စည်စီးဆင်းမှုကို    အဟန့် အတားဖြစ်စေသည့်   အကြမ်း ဖက်လုပ်ရပ်များကို  တစ်ဖက်သတ် အစွန်းရောက်ဝါဒစွဲအပေါ် အခြေခံ ကာ  အသိဉာဏ်နည်းပါးစွာ မီးရှို့ ဖျက်ဆီးခဲ့သည့် PDF   အမည်ခံ   အကြမ်းဖက်သမားများအား ဖော် ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေ လုံခြုံရေးအတွက်    လုံခြုံရေး တပ်ဖွဲ့ဝင်များက      လိုအပ်သည် များ      ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း      သတင်းရရှိ သည်။        

                                    
သတင်းစဉ်