
နေပြည်တော် မတ် ၁၃
အမရပူရမြို့နယ်တွင် ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ် ၁၁ ရက် နံနက် ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသ ကြီး အမရပူရမြို့နယ် စွယ်တော် ကားဝင်းတွင် သန်းထိုက် (ခ)သံနိုင် (၂၆) နှစ် မောင်းနှင်သည့် ၂၂ ဘီးတွဲကားကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်း ဖူးအိတ်များဖြင့်ဖုံးအုပ်ထားသည့် ဒေသကာလတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖြစ်ကြ သည့် အိုက်စ် (မက်သ်အဖက် တမင်း) ၁ ဒသမ ၁၈ တန်နှင့် ကတ်တမင်း ၁၁၁ ကီလိုတို့ သိမ်း ဆည်းရမိခဲ့သဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက် လက် စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်