ထိုင်းဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရောက်

 

ရန်ကုန်   မတ်  ၁၆
NSDF Futsal Invitation Cham-pionship 2022 ဖိတ်ခေါ် ဖူဆယ် ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို မတ် ၁၆  ရက်က       ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌    ဆက်လက် ကျင်းပရာ မြန်မာအသင်း နိုင်ပွဲ ရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက် သွားသည်။
ယင်းပြိုင်ပွဲကို  အုပ်စုနှစ်ခုခွဲ၍   ပြုလုပ်နေပြီး   အုပ်စုတစ်ခုတွင် သုံးသင်းစီသာ ပါဝင်သဖြင့် အုပ်စု (ခ) တွင်   အီရန်၊    မြန်မာနှင့် မွန်ဂိုလီးယားတို့ပါဝင်ကာ အီရန် နှင့် မြန်မာအသင်းမှာမူ တစ်ပွဲစီ အနိုင်ရကာ ထိပ်တိုက်မတွေ့ဆုံမီ   ဆီမီးဖိုင်နယ်  တက်ရောက်သွား ခြင်းဖြစ်သည်။
မြန်မာအသင်းသည်       အုပ်စု ပထမပွဲအဖြစ်    မွန်ဂိုလီးယား အသင်းနှင့်   ယှဉ်ပြိုင်ကစားရာ ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။  မြန်မာအသင်းသည် ပထမပိုင်းတွင် ငါးဂိုး၊ ဒုတိယပိုင်း တွင် နှစ်ဂိုး သွင်းယူကာ ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။  မြန်မာ အသင်းအတွက် ဂိုးများကို ပထမ ပိုင်းတွင် မျိုးမြင့်စိုး၊ ငြိမ်းမင်းစိုး၊ စိုင်းပြုံးအောင်၊   နိုင်လင်းထွန်း ကျော်တို့က  သွင်းယူပြီး   တစ်ဂိုး မှာမူ   မွန်ဂိုလီးယားအသင်းက ကိုယ့်ဂိုးကိုယ်   သွင်းယူမိခဲ့ခြင်းဖြစ် သည်။   ဒုတိယပိုင်းတွင်  မြန်မာ အသင်းအတွက် ဂိုးများကိုချမ်းသာ နှင့်     ခင်ဇော်လင်းတို့က    ထပ်မံ သွင်းယူခဲ့သည်။ ယခုပွဲစဉ်အတွက်     အကောင်းဆုံးကစားသမားဆုကို မြန်မာ့လက်ရွေးစင်      ဖူဆယ် အသင်းမှ မျိုးမြင့်စိုးက ရရှိခဲ့သည်။  မြန်မာအသင်းသည်   ယခုပြိုင်ပွဲ ကို     အာဆီယံဖူဆယ်ပြိုင်ပွဲ အတွက်    ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
မြန်မာအသင်းသည်    အုပ်စု နောက်ဆုံးပွဲအဖြစ် မတ် ၁၇ ရက် (ယနေ့) မြန်မာစံတော်ချိန်  မွန်းလွဲ ၂  နာရီခွဲတွင်   အီရန်အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်