
နေပြည်တော် မတ် ၁၆
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင် သာယာမြို့နယ်အတွင်း တရား မဝင် ကျွန်းခွဲသား၊ ကျွန်းတံခါးချပ် နှင့် တံခါးအပိုင်းအစများ ၆ ဒသမ ၆၂၇၂ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၈၈၁၆၀ တို့ သယ်ဆောင်လာ သော မော်တော်ယာဉ်နှစ်စီး ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၉၈၈၁၆၀ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မတ် ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ သတင်းအရ စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ သာယာဝတီခရိုင် အုတ်ဖို မြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ တန် ၆ ဒသမ ၄၀၆၀ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄၈၀၀ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၁၄ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲငါးမှု ခန့်မှန်း တန်ဖိုးငွေကျပ် ၄၂၂၂၂၉၆၀ ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ မှ သိရသည်။
သတင်းစဉ်