နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ကျင်းပသော တတိယအကြိမ် မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းကို လှည့်လ


 

နေပြည်တော် အောက်တိုဘာ ၂၀


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ကျင်းပသည့် တတိယအကြိမ် မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့ နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီတွင် ဥတ္တရသီရိမြို့နယ် ရှိ ချင်းရွာ အခြေခံပညာမူလတန်း ကျောင်းသို့ ရောက်ရှိရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးညွန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစော ဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေ တင့်လွင်၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ရှင်းလင်းတင်ပြ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် များ ဥတ္တရသီရိမြို့နယ်ရှိ ချင်းရွာ အခြေခံပညာ မူလတန်းကျောင်း သို့ ရောက်ရှိစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြား ရေးမှူးချုပ် ဦးခင်မောင်ဦးက နေပြည် တော် ဥတ္တရသီရိမြို့နယ်ရှိ ချင်းရွာ အခြေခံပညာ မူလတန်းကျောင်း၌ တတိယအကြိမ် လက်တွေ့သရုပ် ပြသမှုအဖြစ် ထပ်မံဆောင်ရွက်မည့် အစီအစဉ်၊ ယခုမဲရုံ၌ ဆန္ဒမဲလာရောက် ပေးကြမည့် မဲဆန္ဒရှင် အင်အား၊ မဲရုံအတွင်းဘက်ပိုင်းတွင် အဖွဲ့ဝင် ၁၃ ဦး၊ မဲရုံအပြင်ဘက်ပိုင်းတွင် အဖွဲ့ဝင် ၅ ဦး ထားရှိပြီး တာဝန်ပေး ဆောင်ရွက်သွားမည့် အခြေအနေ၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ် ပြသခြင်းမှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လမ်းညွှန်မှုများနှင့်အညီ မဲရုံအပြင်၊ မဲရုံအတွင်း လုပ်ငန်းစဉ်များ ကို မဲဆန္ဒရှင်များ စိတ်ပိုင်းနှင့် ရုပ်ပိုင်း ဆိုင်ရာ လုံခြုံ၍ အချိန်ကြန့်ကြာမှု မရှိစေဘဲ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက် သွားမည့်အခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ မဲရုံ အဖွဲ့ဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အထောက်အကူပစ္စည်းများ ထောက်ပံ့ဖြန့်ဝေပေးသွားမည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များ နှင့်အတူ ဥတ္တရသီရိမြို့နယ် ချင်းရွာ အခြေခံပညာ မူလတန်းကျောင်းရှိ ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် မဲရုံအမှတ်(၁)၌ တတိယအကြိမ် လက်တွေ့သရုပ်ပြမဲပေးရန် တန်းစီ စောင့်ဆိုင်းနေသူများအား မဲရုံပြင်ပ ကြီးကြပ်ရေး တာဝန်ထမ်းဆောင် သူများက N95 နှာခေါင်းစည်း ထုတ်ပေးခြင်း ဆောင်ရွက်နေမှု၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ အယ်လ် ကိုဟော ၈၅ ရာခိုင်နှုန်း ပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်များ သန့်စင်ပေးခြင်းနှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း လမ်းညွှန်များနှင့်အညီ သတ်မှတ်ချိန်အတွင်း အောင်မြင်စွာ မဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် တာဝန်ရှိသူများက မဲစာရင်း စစ်ဆေးခြင်း၊ မဲလက်မှတ် ထုတ်ပေး ခြင်း၊ အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်း ပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်များ သန့်စင်ပေးခြင်းနှင့် ဆန္ဒမဲ ပေးပြီးကြောင်း လက်သန်းမင်တို့ခြင်း လုပ်ငန်းများအားကူညီဆောင်ရွက်ပေး နေမှုတို့ကို လှည့်လည်ကြည့်ရှုသည်။
လိုအပ်သည်များ မှာကြား
ထိုသို့ လှည့်လည်ကြည့်ရှုပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မဲဆန္ဒရှင်ပြည်သူများ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံ၍ အချိန် ကြန့်ကြာမှု မရှိစေဘဲ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း လမ်းညွှန်များနှင့်အညီ သတ်မှတ်ချိန်အတွင်း စနစ်တကျ ဖြင့် အောင်မြင်စွာ မဲပေးနိုင်ရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးရေးဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်များကို မဲရုံအတွင်း မြင်သာ သည့်နေရာများတွင် ထားရှိသွားရေး နှင့် လိုအပ်သည်များကို မှာကြားသည်။
မဲပေးခွင့်ရှိသူ ၁၅၂၆ ဦးရှိ
ယနေ့ မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြမှု ဆောင်ရွက်ခဲ့ သည့် နေပြည်တော် ပြည်ထောင်စု နယ်မြေ ဥတ္တရသီရိမြို့နယ် ချင်းရွာ အခြေခံပညာ မူလတန်းကျောင်းရှိ ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် မဲရုံ အမှတ်(၁)တွင် မဲပေးခွင့်ရှိသူ ၁၅၂၆ ဦးရှိကြောင်း။
လက်ရှိစာရင်းများအရ နေပြည် တော်ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိ မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၈၉၈၁၆ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၈၁၆၇ ဦး၊ ပျဉ်းမနားမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၃၄၆၀၃ ဦး၊ လယ်ဝေး မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၁၈၆၇၁ ဦး၊ ဇေယျာသီရိမြို့နယ်တွင် မဲပေးခွင့် ရှိသူ ၈၁၇၅၀၊ တပ်ကုန်းမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၇၈၈၄၄ ဦး၊ ပုဗ္ဗသီရိ မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၉၄၁၁၆ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၅၂၄၆၉ ဦးရှိကြောင်း သိရသည်။
သတင်းစဉ်