PDF အမည်ခံ အကြမ်းဖက်သမားများက ကန့်ဘလူမြို့နယ် (၁၁)ပေါက်ကျေးရွာအနီး မန္တလေး- မြစ်ကြီးနားကားလမ်းမကြီးပေါ် သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ကာ တူမီးသေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသားနှစ်ဦး သေဆုံးကာ အမျိုးသား ငါးဦးနှင့် အမျိုးသမီး

 

နေပြည်တော်   မတ်   ၁၆


စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူမြို့နယ်   (၁၁) ပေါက်ကျေးရွာအနီး     မန္တလေး- မြစ်ကြီးနား ကားလမ်းမကြီးပေါ်၌ သွားလာနေသည့်  မော်တော် ယာဉ်များအား  မတ် ၁၅ ရက်  ညပိုင်းတွင်   PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက် ကာ    တူမီးသေနတ်များဖြင့်   ပစ်ခတ်ခဲ့သဖြင့် ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ    ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ အပါအဝင် အမျိုးသား နှစ်ဦး သေဆုံးပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

 


ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ဘက်မှ မန္တလေး မြို့ဘက်သို့     ခရီးသည်များ   တင်ဆောင်၍   မန္တလေး-မြစ်ကြီးနားကားလမ်းမကြီးအတိုင်း  မောင်းနှင်လာသည့်   “သစ္စာလှိုင်”  ခရီးသည် တင်   မှန်လုံယာဉ်၊ “မနောမန္တလာ”   ခရီးသည် တင်ယာဉ်၊   မုံရွာ-နန့်တော်-ကသာ ပြေးဆွဲ လျက်ရှိသည့် “ချမ်းသာအောင်”ယာဉ်လိုင်းမှ ခရီးသည်တင် AD Van ယာဉ်ငယ်နှင့် PARADO မော်တော်ယာဉ်၊   စုစုပေါင်း   လေးစီးတို့ကို  မတ် ၁၅ ရက် ည ၁၁ နာရီခွဲတွင် ကန့်ဘလူ မြို့နယ်၊   (၁၁)ပေါက်ကျေးရွာ  အထွက်သို့ အရောက်၌ PDF အမည်ခံအကြမ်းဖက်သမား ၄၀ ခန့်က လမ်းဘေး ဝဲ/ယာတို့မှ နေ၍ တူမီး သေနတ်များဖြင့် ပစ်ခတ်ကာ လမ်းဘေးတွင် ထောင်ထားသည့်    လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 


ထိုသို့   တိုက်ခိုက်ခဲ့မှုကြောင့်  “မနော မန္တလာ” ခရီးသည်တင်ယာဉ်မှ ယာဉ်နောက် လိုက်ဖြစ်သူ ကိုမင်းခန့်(၂၁)နှစ်နှင့် “ချမ်းသာ အောင်”ယာဉ်လိုင်းအသင်းမှ AD Van ယာဉ် မောင်းဖြစ်သူတို့သည် တူမီးကျည်ထိမှန်ဒဏ်ရာ များဖြင့် သေဆုံးခဲ့ပြီး  “သစ္စာလှိုင်” ခရီးသည် တင်ယာဉ် ယာဉ်မောင်း ဖြစ်သူ ဦးဇော်ဇော်နိုင် (၄၇)နှစ် (ဘ)ဦးကြင်မောင်၊ ယာဉ်နောက်လိုက် ဖြစ်သူ ကိုကျော်မင်းထွန်း (၂၃)နှစ် (ဘ) ဦးမြင့် ဆန်း၊ “မနောမန္တလာ” ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ    ဦးရဲဇော်ကို (၃၄)နှစ်၊ အကူယာဉ်မောင်းဖြစ်သူ  ကိုဇော်မျိုးဦး (၃၀)နှစ်၊  ယာဉ်မယ်ဖြစ်သူ    မဇာနော (၁၉)နှစ်၊ ခရီးသည်များဖြစ်ကြသည့် ကိုမျိုးသူထွန်း (၂၂)နှစ်၊ မမာဌေး (၂၁)နှစ်နှင့် မရီရီရွှေ (၃၁)နှစ် တို့တွင်    တူမီးကျည်ထိမှန်   ဒဏ်ရာများ၊ မိုင်းစထိမှန်ဒဏ်ရာများ   အသီးသီးရရှိခဲ့ကာ မော်တော်ယာဉ် လေးစီးမှာ မိုင်းစနှင့် တူမီး သေနတ်ကျည်များ ထိမှန်၍ ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။ 

 


ထိုကဲ့သို့     စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံး အဆောက်အဦများနှင့် အများပြည်သူ နေအိမ်များအပြင် အများပြည်သူသွားလာနေ သည့် လမ်းမကြီးများနှင့် ခရီးသွားပြည်သူများ အား ပစ်မှတ်ထား  ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လူမှုစီးပွားကို  ထိခိုက်ပျက်စီးစေပြီး  ကုန်စည် စီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အကြမ်း ဖက်လုပ်ရပ်များကို  တစ်ဖက်သတ်အစွန်းရောက် ဝါဒစွဲအပေါ် အခြေခံကာ အသိဉာဏ်နည်းပါးစွာ   ပြုလုပ်ခဲ့သည့်   PDF အမည်ခံ  အကြမ်းဖက် သမားများအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည်များ   ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်