
နေပြည်တော် အောက်တိုဘာ ၂၀
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သည့် ဦးစိုးဟန် နှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သည့် ဦးအောင်စိုးဝင်းတို့အား ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သမ္မတရုံးခန်း၌ တွေ့ဆုံပြီး လိုအပ်သည့်မူဝါဒများကို လမ်းညွှန်မှာကြား သည်။ သတင်းစဉ်