အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   မတ်  ၁၇


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထား သော   CRPH ၊ NUG နှင့်    ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့ နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို    ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို  အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြား စေရန်   ရည်ရွယ်လျက်    လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊   ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံ ဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့်      ယင်းတို့၏ လှုံ့ဆော်မှု၊   ဝါဒဖြန့်မှုများအပေါ်  မသိ နားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ  လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူ အနှောင့်အယှက် ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေ ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့ လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့်  ပုဒ်မ ၅၀၅-က၊  အီလက်ထရွန်နစ် ဆက်သွယ်ရေး  ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့် အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊   မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေအရ      သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် အသိပေး သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သော်လည်း     မွန်ပြည်နယ် မော်လမြိုင်မြို့နယ်နေ ဒေါက်တာ ကိုသုဇင် သည် ၎င်းအသုံးပြုသည့် “Ko Thu Zin” Facebook အကောင့်၊  ရန်ကုန်တိုင်း ဒေသကြီး  လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် မင်းရာဇာ လမ်း “ချမ်းသာ”အဆောင်နေ ဇော်မင်း ထိုက် (ခ)ကုလား (၃၆)နှစ်သည်    ၎င်း အသုံးပြုသည့်   “ကိုကို”   Facebook အကောင့်နှင့်  ဧရာ၀တီတိုင်းဒေသကြီး   ပုသိမ်မြို့နယ်  ကြည်သာအရှေ့ကျေးရွာနေ ကြည်ဇင်စိုး(၁၇)နှစ်သည် ၎င်းအသုံးပြု  သည့် “Kyizin soe” Facebook အကောင့် တို့သည် အသိပေးသတင်းထုတ်ပြန်ချက် အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ် လျက်  လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက်  တရား ဥပဒေနှင့်အညီ  ဖမ်းဆီးထိန်းသိမ်း  အမှု ဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ ရသည်။

 


ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့ နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို      ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ် လျက်   လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ်    အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများကို       ဥပဒေနှင့်အညီ ထိရောက်စွာ      အရေးယူသွားမည်ဖြစ် ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူ များအား ဆက်လက်ဖော်ထုတ် အရေးယူ  သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်