မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ PDF အမည်ခံ အကြမ်းဖက်သမားများက မြောက်ခင်ရန်းကျေးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက် လူနေအိမ်များ မီးရှို့ဖျက်ဆီး၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်

 

နေပြည်တော်  မတ်  ၁၈


မကွေးတိုင်းဒေသကြီး     ဂန့်ဂေါမြို့နယ်ရှိ    PDF အမည်ခံ အကြမ်းဖက်သမားများက   ယနေ့နံနက်ပိုင်း တွင်  မြောက်ခင်ရန်းကျေးရွာကို  ဝင်ရောက်စီးနင်း တိုက်ခိုက်ကာ  လူနေအိမ်များ   မီးရှို့ဖျက်ဆီး၍ အပြစ်မဲ့ပြည်သူများကို   ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဂန့်ဂေါမြို့နယ်      မြောက်ခင်ရန်းကျေးရွာအား ၎င်းကျေးရွာ၏ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ ဖြစ်သည့် ရွှေဘိုကျေးရွာ၊ သင်တောကျေးရွာ၊ စမ်းမြို့ ကျေးရွာတို့တွင် ခိုအောင်း၍ အကြမ်းဖက်မှုလုပ်ရပ် များ ပြုလုပ်လျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက် သမားအင်အား   ၄၀၀   ခန့်က  လက်နက်ကြီး၊ လက်နက်ငယ်၊    လက်လုပ်ဗုံးများ  အသုံးပြုကာ ကျေးရွာနေပြည်သူများအား ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင် များနှင့်  ဒေသခံပြည်သူများ၏ လုံခြုံရေးဆောင်ရွက်ပေးလျက် ရှိသည့်   လုံခြုံရေးတပ်ဖွဲ့ဝင်များက    ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ နံနက် ၇ နာရီ   မိနစ်  ၅၀  တွင် အကြမ်းဖက်အဖွဲ့များ     ပြန်လည်ဆုတ်ခွာထွက်ပြေး သွားသည်။

 


အကြမ်းဖက်သမားများသည် ကျေးရွာနေပြည်သူ များအား   အကြောင်းမဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အပြင် ကျေးရွာနေပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက်   လူနေအိမ်  ၈၆  လုံး  မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦး         မီးလောင်သေဆုံးခဲ့ကာ အကြမ်းဖက်သမားများက ကျေးရွာအား ပစ်ခတ် တိုက်ခိုက်နေစဉ်အတွင်း ကျေးရွာမှ ထွက်ပြေးတိမ်း ရှောင်ခဲ့သည့်  အပြစ်မဲ့ပြည်သူအချို့အား   ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

 


ထိုကဲ့သို့   အေးချမ်းစွာနေထိုင်လျက်ရှိသည့် ကျေးရွာနေအပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးကာ   ပြည်သူအချို့ကို     ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ နှင့်အညီ   ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်