တရားမဝင် ကျွန်းသစ်၊ မော်တော်ယာဉ်နှင့် လျှပ်စစ်ပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်   ၁၈


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး    ဦးဆောင်ကော်မတီ၏  ကြီးကြပ်ကွပ်ကဲမှုဖြင့်    တရား မဝင်ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ  ထိရောက်စွာ တားဆီးအရေး ယူနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ မတ် ၁၆ ရက်က   ရန်ကုန်တိုင်း ဒေသကြီး တရားမဝင်ကုန်သွယ် မှု    တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်     တိုင်းဒေသကြီး  သစ်တောဦးစီးဌာန   ဦးဆောင် သော  ပူးပေါင်းစစ်ဆေးရေးအဖွဲ့ သည် စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ   ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်    ရန်ကုန်-မန္တလေးအမြန်လမ်း    မိုင်တိုင် (၁၂/၆) နှင့် (၁၂/၇) အကြားတွင် တရားမဝင် ကျွန်းပါကေး အကြမ်း တုံး ၀ ဒသမ ၇၇၅၆ တန်  ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၂၆၈၀နှင့် အဆိုပါ သစ်များ   တင်ဆောင်လာသည့်    မော်တော်ယာဉ်တစ်စီး  ခန့်မှန်း တန်ဖိုး  ငွေကျပ်  ၁၅၀၀၀၀၀၀၊ စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၃၂၆၈၀ ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။ 

 


အလားတူ မတ် ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  လေဆိပ် ကုန်လှောင်ရုံ၌   စုံစမ်းစစ်ဆေးရေး နှင့်     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲမှ စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ   သွင်းကုန် ကြေညာလွှာ (ID) တွင် ကြေညာ ထားခြင်းမရှိသော    တရားမဝင် လျှပ်စစ်ပစ္စည်းများနှင့်  Memory Card များ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁၀၅၀၀၀ ကို     ဖမ်းဆီးရမိခဲ့ ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။ 

 


သို့ဖြစ်ပါ၍ မတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင်    ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲငါးမှု၊   ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၃၃၇၆၈၀ ဖြစ် ကြောင်း  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။          

သတင်းစဉ်