
နေပြည်တော် အောက်တိုဘာ ၂၂
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ် ဆောင်ရွက်နေမှု အခြေအနေများ၊ လူမှုဖူလုံရေးအကျုံးဝင်စက်ရုံ၊ အလုပ် ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမား များ၊ ဝန်ထမ်းများအား လူမှုဖူလုံရေး ထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြု ထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူ များ၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် အလုပ်သမား ကိုယ်စားလှယ်များက လက်ရှိဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေ၊ စက်ရုံ၊ အလုပ်ရုံများ ခေတ္တရပ်နားချိန် တွင် နေရပ်ဒေသများသို့ ပြန်လည် သွားရောက်ကြသည့် အလုပ်သမား များအနေဖြင့် ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာ ရန် အခက်အခဲဖြစ်ပေါ်နေမှုအခြေ အနေ၊ လက်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အချိန်ပိုအလွန်အကျွံ ခေါ်ယူနေမှု အခြေအနေ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သတ်မှတ်ချက်များနှင့်အညီ အမြန်ဆုံးစစ်ဆေး၍ ဖွင့်လှစ်သွားနိုင် ရေးကိစ္စရပ်များ၊ လူမှုဖူလုံရေးအာမခံ အကျုံးမဝင်သည့် လုပ်ငန်းများရှိ အလုပ်သမားအား ထောက်ပံ့ငွေ ပေးအပ်နိုင်ရေးအတွက် စာရင်း ကောက်ယူမှုအခြေအနေ၊ စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ လူနာ တွေ့ရှိပြီး ဆက်သွယ်ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာပေးသင်တန်း၊ အလုပ်သမားများအတွက် ကျွမ်းကျင်မှု ဆိုင်ရာသင်တန်းများ ပြန်လည် ဖွင့်လှစ်ပေးနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးနိုင်မှု များနှင့်ပတ်သက်၍ လည်းကောင်း မေးမြန်းတင်ပြခဲ့ကြသည်။
မေးမြန်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ပြောကြားရာတွင် စက်ရုံ၊ အလုပ်ရုံများအတွင်း ကိုဗစ်-၁၉ သံသယလူနာတွေ့ရှိပါက သက် ဆိုင်ရာနယ်မြေအတွင်းရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနများသို့ အချိန်မီသတင်းပေးပို့၍ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားကြရန်၊ ရန်ကုန်တိုင်း ဒေသကြီးပြင်ပမှ ပြန်လည်ဝင်ရောက် လာမည့် အလုပ်သမားများနှင့် ပတ်သက်၍ သင့်လျော်သည့်အချိန်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး အမျိုးသားအဆင့် ဗဟိုကော်မတီ သို့ ဆက်လက်တင်ပြ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ ကော်မတီ အနေဖြင့် မလိုလားအပ်သည့် ပိတ်ဆို့ ကန့်သတ်မှုများမရှိအောင် အဘက် ဘက်မှ စဉ်းစားဆုံးဖြတ်၍ ဆောင်ရွက် နေပါကြောင်း၊ ရောဂါကူးစက်ပြန့်ပွား မှုများ မရှိစေရေးအတွက် နိုင်ငံတကာ သတ်မှတ်စံနှုန်းများနှင့်အညီ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ချိန်တည်းမှာပင် စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူမတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် အလုပ်သမားများ ဘက်မှလည်း နားလည်မှုရှိစွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ရောဂါကူးစက်ပြန့်ပွား နေမှုဖြစ်ပွားနေသည့် ယခုကာလ အတွင်း မလိုလားအပ်သည့် ဆန္ဒပြမှု များမဖြစ်ပေါ်စေရေး ပညာပေးဆောင် ရွက်မှုများ ပြုလုပ်ပေးစေလိုပါ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးဦးစီးဌာန၏ သတ်မှတ် ချက်များနှင့်အညီ စစ်ဆေးပြီး အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာသို့ တင်ပြညှိနှိုင်း စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ကိုဗစ်-၁၉ ကာလအတွင်း လူမှုဖူလုံရေးထောက်ပံ့ ငွေများ ဆက်လက်ထောက်ပံ့ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ လူမှုဖူလုံရေး ထောက်ပံ့ငွေများ လျှောက်ထားရာတွင် Online Web-portal နှင့် မြို့နယ်ရုံးခွဲမှတစ်ဆင့် လျှောက်ထားခြင်း စုစုပေါင်း ၃၄၄၀ ဌာန လက်ခံရရှိခဲ့ပြီး အောက်တိုဘာ ၂၁ ရက်အထိ လျှောက်ထားမှုအချက် အလက် ပြည့်စုံသည့်ဌာန ၁၇၆၅ ဌာနမှ အာမခံအလုပ်သမား ၂၄၄၆၇၀ အတွက် ခွင့်ပြုငွေကျပ် ၁၆၄၁၇ ဒသမ ၇၄၇ သန်းအား ခွင့်ပြုပေးခဲ့ပြီး ထုတ်ပေးရာတွင် လွယ်ကူမြန်ဆန် စေရန် Online Banking စနစ်ဖြင့် ဆောင်ရွက်လိုသော အလုပ်ဌာနများ ကို AYA၊ CB၊ KBZ ဘဏ်များသို့ ချိတ်ဆက်ထုတ်ယူနိုင်ရန် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျန်အလုပ် ဌာနများကိုလည်း ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ပြီး Stay at Home အဖြစ် သတ်မှတ်ထားသော ကျန်ရှိ သည့် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးများရှိ မြို့နယ် ၁၁ မြို့နယ်ရှိ အလုပ်ဌာနများမှ အလုပ် သမား ၁၇၇ ဦးအတွက် ငွေကျပ် ၁၂၀၁၉၉၀၆ ဒသမ ၈ ကို ခွင့်ပြု ထုတ်ပေးခဲ့ပြီး ဆက်လက်ထုတ်ပေး လျက်ရှိပါကြောင်း။
ဆေးကုသ ဆောင်ရွက်မှုများ အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်သမားဆေးရုံကြီး (ရန်ကုန်) / (ထန်းတပင်) ပြင်ပလူနာဌာနသို့ ပုံမှန် ပြသနေရသော (OPD) လူနာများ၊ နာတာရှည် အာမခံအလုပ်သမားများရောဂါကူးစက်မှု မရှိစေရန်အတွက် Tele Consultation ဖွဲ့စည်းကာ ကြည့်ရှုကုသပေးရန် Online Viber Group လေးခုဖွဲ့၍ သက်ဆိုင်ရာ နယ်မြေတာဝန်ခံဆရာဝန်များ၊ ဆေး ကုသမှုပါရဂူများနှင့် အောက်တိုဘာ ၁၂ ရက်မှစ၍ ချိတ်ဆက်ပြသနိုင်ရန် စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးထုတ်ပေးရာတွင် စာချုပ်ဆေး ကုမ္ပဏီမှ Delivery ဖြင့် အရောက် ပေးပို့ခြင်းနှင့် ဝေးလံသောဒေသများ ရှိ အာမခံအလုပ်သမားများအတွက် သတ်မှတ် ဆေးထုတ်နေရာတွင် လာရောက်ထုတ်ယူနိုင်ရန် စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာလအတွင်း Quarantine ဝင်ရ သည့် အာမခံအလုပ်သမားများအနက် ဆေးသက်သေခံလက်မှတ် ထုတ်ပြီးသူ ၂၃၆၁ ဦးရှိပြီး မကျန်းမာမှုငွေကြေး အကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ထုတ်ပြီးသူ အာမခံအလုပ်သမား ၄၉၉ ဦးအတွက် ငွေကျပ် ၄၅ ဒသမ ၃၉၅ သန်းကို ခွင့်ပြုထုတ်ပေးပြီး မကျန်းမာ မှုဆေးခွင့် ထုတ်ပေးထားသော ကိုယ်ဝန်ဆောင်မိခင် ၃၃၉၅ ဦး အတွက် မကျန်းမာမှုငွေကြေး အကျိုး ခံစားခွင့် ၆၀ ရာခိုင်နှုန်းအဖြစ် ငွေကျပ် ၅၀၁ ဒသမ ၀၈၅ သန်းကို ခွင့်ပြု ထုတ်ပေးပြီးဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အလုပ်ရုံနှင့်အလုပ် သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အချိန်ပို ခေါ်ယူသည့်ကိစ္စနှင့် ပတ်သက်၍ တစ်ပတ်လျှင် နာရီ ၂၀ အချိန်ပိုအလုပ် ဆင်းရန် သက်ဆိုင်ရာ မြို့နယ်အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနရုံးများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိပါကြောင်း၊ သတ်မှတ် ချက် နာရီထက် ပိုမိုလုပ်ဆောင်မှုများ ရှိသည်ကို သတင်းပေးပို့ကြရန်နှင့် တာဝန်ရှိသူများမှသွားရောက်၍ ဥပဒေ နှင့်အညီ စစ်ဆေးအရေးယူဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ မည့် အထွေထွေရွေးကောက်ပွဲတွင် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမား/အလုပ်ရှင်များ ဆန္ဒမဲပေးကြရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် လိုအပ်သောကာကွယ်ရေး ပစ္စည်းများဖြစ်သည့် လက်သန့် ဆေးရည်များနှင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိပြီး စက်ရုံ၊ အလုပ်ရုံများရှိ အလုပ် သမား/ အလုပ်ရှင်များနှင့် အလုပ် သမားအဖွဲ့အစည်းများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားနိုင်ရေး အခြေ အနေများနှင့်ပတ်သက်၍ လည်း ကောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ယခုကဲ့သို့ အလုပ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် အပတ်စဉ်တွေ့ဆုံခြင်းဖြင့် အလုပ်သမားများကြုံတွေ့နေရသည့် အခက်အခဲများအား ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ကုသဆေးများ မပေါ်ပေါက်မီ အလုပ်သမားများအနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အိပ်ဆောင်နှင့် အခြားလူစု လူဝေးနေရာများတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနများမှ ထုတ်ပြန်ချက်များဖြစ်သည့် မကြာ ခဏလက်ဆေးခြင်း၊ နှာခေါင်းစည်း တပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း၊ လူစုလူဝေးနေရာအား ရှောင်ရှားခြင်းဖြင့် ယခု ကပ်ရောဂါ ကြီးမှ ကာကွယ်နိုင်မည်ဖြစ်ပါ ကြောင်း၊ အလုပ်သမားများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်၍ အစိုးရ၊ အလုပ် ရှင်၊ အလုပ်သမားများ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တွေ့ကြုံလာမည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် စိတ်ရှည်မှု၊ သည်းခံမှု၊ နားလည်မှုရှိမှု၊ ပူးပေါင်းဆောင်ရွက်မှု တို့ကို ပိုမိုလုပ်ဆောင်ရန်လိုအပ် ကြောင်း ပြောကြားသည်။ သတင်းစဉ်