
နေပြည်တော် အောက်တိုဘာ ၂၂
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ ပူးပေါင်း၍ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အရေးပေါ် လူနာတင်ယာဉ်များဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများ၊ ရောဂါ ပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါ ပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူ/ပို့ဆောင်ပေးခြင်းလုပ်ငန်း များတွင် စေတနာ့ဝန်ထမ်း ဆောင်ရွက် နေကြသော မော်တော်ယာဉ်မောင်း များနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီ ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်း များအား အသိပညာပေးအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အဆိုပါ အသိပညာပေးအစီ အစဉ်သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် များ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာန မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အသိပညာများ မျှဝေပေး
အသိပညာပေး အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်း ဆောင်ရွက်သူများကို လေ့ကျင့် သင်တန်းပေးရာတွင် စေတနာ့ ဝန်ထမ်း အရေးပေါ်ယာဉ်မောင်းများ နှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီ ဆောင်ရွက်နေကြသော စေတနာ့ ဝန်ထမ်းများကိုလည်း အသိပညာပေး လျက်ရှိရာ တတိယအကြိမ်မြောက် အသိပညာပေး အစီအစဉ်ကို ဆောင် ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် နေပြည်တော်ကောင်စီ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီးတို့ရှိ စေတနာ့ဝန်ထမ်းအရေးပေါ် ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီ ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၂၃၁ ဦးကို အသိပညာများ မျှဝေပေးခဲ့ပြီး ဖြစ်ပါကြောင်း။
စနစ်တကျဆောင်ရွက်
ယနေ့ အသိပညာပေးအစီအစဉ် တွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့မှ စေတနာ့ဝန်ထမ်းစုစုပေါင်း ၁၆၄ ဦး ကို လူနာတင်ယာဉ် ဖွဲ့စည်းပုံနှင့် အသက်ရှူစက်များ အလုပ်လုပ်ပုံ၊ နာတာရှည်ရောဂါခံစားနေရသူများ နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် နည်းလမ်း၊ ကာကွယ်ရေးပစ္စည်းများ စနစ်တကျ ဝတ်ဆင်သည့်နည်းလမ်း၊ စွန့်ပစ်အမှိုက်များနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက်ရန်နှင့် လူနာတင် ယာဉ်များတွင် ကိုယ်ဝန်ဆောင်မိခင် များပါလာပါက ဆောင်ရွက်ရမည့် အခြေအနေများကို မြန်မာနိုင်ငံ ဆရာဝန်အသင်းရှိ ကျွမ်းကျင်ပညာ ရှင်များက အသိပညာမျှဝေပေးသွား မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာ ကြသူများအနေဖြင့် မိမိတို့သိရှိလို သည်များကို မေးမြန်းဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် သံသယလူနာများ သယ်ယူပို့ဆောင် ပေးသော စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးပါပါကြောင်း၊ အရေးပေါ် လူနာတင်ယာဉ် ယာဉ်မောင်းနှင့်အကူတို့အတွက် အသိ ပညာပေးလက်စွဲစာအုပ် လိုအပ် လျက်ရှိပါကြောင်း၊ ယခုအခါ လက်စွဲ စာအုပ်ကို ရေးသားပြုစုပြီးဖြစ်သဖြင့် အမြန်ထုတ်ဝေနိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် လျက်ရှိကြသော စေတနာ့ဝန်ထမ်း တစ်ယောက်စီတိုင်းကို အထူးကျေးဇူး တင်ကြောင်းနှင့် လုပ်ငန်းများဆောင် ရွက်ရာတွင် အသိ၊ သတိနှင့် ဆောင် ရွက်ကြရန်လိုကြောင်း ပြောကြား သည်။
ယင်းနောက် မြန်မာနိုင်ငံဆရာဝန် အသင်းမှဥက္ကဋ္ဌ ဒေါက်တာထင်အောင် စောက ကျေးဇူးတင်စကား ပြောကြား သည်။
ဆက်လက်၍ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးပို့ချခဲ့ကြပြီး စေတနာ့ဝန်ထမ်းများ၏ သိလိုသည် များကို အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်