အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများ စားပွဲဝိုင်းအစည်းအဝေးကျင်းပ


 

နေပြည်တော် အောက်တိုဘာ ၂၂


အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF)၊ ဦးဆောင်ညွှန်ကြားရေးမှူး Ms. Kristalina Georgieva နှင့် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများ စားပွဲဝိုင်း အစည်းအဝေး (Roundtable Mee-ting) ကို ယနေ့ နံနက် ၇ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Ms. Kristalina Georgieva အာဆီယံ နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့်အတူ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော် ကျော်မောင်၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းတို့ ပါဝင်တက်ရောက်ကြ သည်။
ရှေးဦးစွာ IMF ဦးဆောင် ညွှန်ကြားရေးမှူး Ms. Kristalina Georgieva က ကမ္ဘာ့စီးပွားရေး တိုးတက်မှု အလားအလာသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မသေချာမရေရာမှုများ ရှိနေပါ ကြောင်း၊ ယခုနှစ်အတွက် ကမ္ဘာ့ စီးပွားရေးတိုးတက်မှုသည် (၄ ဒသမ ၄)ရာခိုင်နှုန်းနှင့် အာဆီယံနိုင်ငံများ ၏ စီးပွားရေးတိုးတက်မှုမှာ (၃ ဒသမ ၄) ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းပါ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စပ်လျဉ်း၍ နိုင်ငံများအနေဖြင့် လူသားများ၏ အသက်များကို ကယ်တင်ခြင်းနှင့် စီးပွားရေး နာလန် ထူလာစေရန် မူဝါဒများအား အကောင် အထည်ဖော်ကျင့်သုံးခြင်း စသည့် အဓိကအချက် နှစ်ရပ်တို့ကို ဆောင် ရွက်လျက်ရှိပြီး IMF အနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံများသို့ ငွေရေးကြေးရေး အထောက်အပံ့၊ နည်းပညာအထောက် အပံ့နှင့် မူဝါဒဆိုင်ရာ အကြံပေး ခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ ယခုလိုအချိန်အခါတွင် နိုင်ငံများ သည် မိမိနိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် မူဝါဒ များအား ပေါင်းစပ်အသုံးပြုသည့် မူဘောင်(Integrated Policy Frame-work - IPF) ကို ချမှတ်အကောင် အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ IMF မှ အဆိုပြုသည့် IPF နှင့်စပ်လျဉ်း ၍ အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ၏ အကြံပြု ချက်များကို ရယူလိုပါကြောင်း၊ ၎င်းအပြင် အဖွဲ့ဝင်နိုင်ငံများ ရင်ဆိုင် နေရသည့် စိန်ခေါ်မှုများနှင့် ကပ်ရောဂါအပေါ် တုံ့ပြန်ဖြေရှင်း ဆောင်ရွက်ချက်များ၊ IMF အနေဖြင့် အဖွဲ့ဝင်နိုင်ငံများသို့ မည်သို့အထောက် အကူပေးနိုင်မှုများကို သိရှိလိုပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ IMF Economic Counselor နှင့် Research Depart- ment ၏ Director ဖြစ်သူ Ms. Gita Gopinath က “Toward an Inte-grated Policy Framework : COVID- 19 Responses and Fiscal Con-siderations” ခေါင်းစဉ်ဖြင့် တင်ပြ ဆွေးနွေးရာတွင် နိုင်ငံများအနေဖြင့် ငွေကြေးမူဝါဒ (Monetary Policy) ၊ နိုင်ငံခြားငွေဈေးကွက်တွင် ဝင်ရောက် ထိန်းကျောင်းမှု (FX Intervention - FXI) ၊ အရင်းအနှီးစီးဆင်းမှုများအပေါ် စီမံခန့်ခွဲမှုနည်းလမ်းများ (Capital Flow Management Measures - CFMs) နှင့် နှိုင်းဆချင့်ချိန်စွာ ချမှတ် ထားသည့် မေခရိုစီးပွားရေးဆိုင်ရာ နည်းလမ်းများ (Macroprudential Measures - MPMs) တို့ကို မိမိတို့၏ နိုင်ငံအခြေအနေပေါ်တွင် မူတည်၍ မူဝါဒများ ပေါင်းစပ်အသုံးပြုခြင်း ဆိုင်ရာမူဘောင် (Integrated Policy Framework - IPF)ကို ချမှတ်၍ မူဝါဒ များကို ဆီလျော်စွာ ပေါင်းစပ်ကျင့်သုံးရန်လိုအပ်ပါကြောင်း၊ IPF ကို ချမှတ် ကျင့်သုံးရာတွင် သက်ဆိုင်ရာဌာန များအနေဖြင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့ငွေရေးကြေး ရေးရင်းမြစ် (global financial safety net)များ အားကောင်းစေ ရေးသည်လည်း အဓိကအချက်ဖြစ် ပါကြောင်း ဆွေးနွေးတင်ပြသည်။ ထို့နောက်တင်ပြချက်အပေါ် အာဆီယံ နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ IMF ဦးဆောင် ညွှန်ကြားရေးမှူး Ms. Kristalina Georgieva က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်