
နေပြည်တော် အောက်တိုဘာ ၂၂
မြန်မာစီးပွားရေးသံမှူးများ၏ ၎င်းတို့ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများ နှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက် နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Appli-cation ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေ ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များ တိုးမြှင့်နိုင်ရေး၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များအား ချိတ်ဆက်ပေး နိုင်ရေးတို့အတွက် အလေးထား ဆောင်ရွက်ရန်နှင့် လက်ရှိ ကိုဗစ်-၁၉ ကာလတွင် မိမိတို့ရောက်ရှိနေသည့် နိုင်ငံအသီးသီး၏ စီးပွားရေးပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လေ့လာ တင်ပြသွားကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက စီးပွားရေးသံမှူးများ၏ အဓိကလုပ်ငန်း တာဝန်မှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုများ တိုးတက်လာစေရေးဖြစ် ကြောင်း၊နိုင်ငံအနေဖြင့် စီးပွားရေး သံမှူးများအပေါ်တွင် မြင့်မားသော မျှော်မှန်းချက်များရှိသည့် အားလျော် စွာ အဆိုပါမျှော်မှန်းချက်ပြည့်မီစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း၊ ယခု အချိန်တွင် တချို့နိုင်ငံများအနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအား မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိနေကြရာ အဆိုပါ အခွင့်အရေးအား မိမိတို့အနေဖြင့် အမိအရဆုပ်ကိုင်သွားနိုင်ရေး ကြိုးပမ်း သွားကြရန် မှာကြားသည်။
ဆက်လက်၍ ပထမနေ့အစီအစဉ် အဖြစ် တရုတ်နိုင်ငံ (ပေကျင်း၊ နန်နင်း၊ ဟောင်ကောင်) နှင့် အမေရိကန်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများသို့ စေလွှတ် ထားသည့် စီးပွားရေးသံမှူးများက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ချိတ်ဆက် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံ များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က မြန်မာနိုင်ငံတွင် E-commerce ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်ရှိ တာဝန်ကျနေသည့် နိုင်ငံများတွင် ဆောင်ရွက်နေမှုများကို လေ့လာပြီး ချိတ်ဆက်ပေးသွားရန်၊ MSME လုပ်ငန်းများတွင် အသုံးပြု သည့် စက်ကိရိယာများဝယ်ယူနိုင် ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ ကိုရီးယားနှင့်ဂျပန်နိုင်ငံများသို့ အလုပ် သမားများစေလွှတ်နိုင်ရေး အလား အလာရှိသည့် လုပ်ငန်းများအား လေ့လာတင်ပြရန်၊ ခရီးသွားကဏ္ဍ တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြ ရန်နှင့် စီးပွားရေးသံမှူးများအကြား သတင်းအချက်အလက်များ အပြန် အလှန် ဖလှယ်သွားကြရန် မှာကြား သည်။
ဒုတိယနေ့ အစီအစဉ်အဖြစ် အောက်တိုဘာ ၂၃ ရက်တွင် ဆွစ်ဇာ လန်၊ ဘယ်လ်ဂျီယံ၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံတို့ရှိ မြန်မာစီးပွားရေး သံမှူးများနှင့် ဆက်လက်တွေ့ဆုံပြီး မှာကြားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်