
နေပြည်တော် မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပမြို့နယ် ဝဇီရာ(၈)လမ်း နေ ဇော်လင်းထွန်း (ခ) ဇွဲကို (ခ)ဒီမွန် (ဘ) ဦးကျော်လွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်း ဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်း များနှင့် ဆက်သွယ်ခြင်း၊ မြောက် ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက် နွယ်နီ(၃)လမ်းနေ အထက်တန်း ပြဆရာမတစ်ဦးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင် ခြင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၁)တိုးချဲ့ရပ်ကွက်ရှိ လုံခြုံရေးရဲကင်းစခန်းနှင့် အမှတ် (၃၇)ရပ်ကွက် တပင်ရွှေထီးလမ်းရှိ EPC ရုံးတို့အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာတွင် ပါဝင် ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၂ ရက်တွင် ၎င်းအား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရ သည်။
အလားတူ ၂၀၂၁ ခုနှစ် မတ် ၁၅ ရက်တွင် ဧရာဝတီတိုင်းဒေသ ကြီး ဘိုကလေးမြို့နယ် စိန်ဟိုင်း ကျေးရွာနေ နွယ်ထွန်း (ခ)လွယ်ထွန်း (ခ) ဥူးဝိမလ (ဘ) ဦးမြင့်ဦးသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက် အောင်ရတနာလမ်းနေ အပြစ်မဲ့ပြည်သူ နှစ်ဦးကို သတင်း ပေး၊ ဒလန်ဟုစွပ်စွဲ၍ မီးရှို့၊ ရိုက်နှက် သတ်ဖြတ်ခြင်းကြောင့် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ (၂)/ ၁၁၄ အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၂ ရက်တွင် ၎င်းအား “အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂၀)နှစ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
ထို့အပြင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ(အနောက် ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နေ ဖြိုးကျော် ဇင် (ခ) ကိုဖြိုး (ဘ) ဦးအောင် ကျော်စိုး၊ ကောင်းမြတ် (ခ)စောကောင်းမြတ် (ခ) ဖြိုးမောင် မောင် (ဘ)ဦးရဲမြင့်ထွန်း၊ ကိုကို (ဘ) ဦးတင်မောင်နှင့် ဝင်းကို(ဘ) ဦးဝင်းကျော်တို့ လေးဦးသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)ရပ်ကွက် တေးဥယျာဉ် (၃)လမ်း ပါရမီဆေးခန်းရှိ သူနာပြု ဆရာမကြီးတစ်ဦးကို သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ကြောင့် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁) (ခ)/ ၃၄ အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၂ ရက်တွင် ၎င်းတို့အား “သေဒဏ်” အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူ များအနက်မှ ထွက်ပြေးလွတ် မြောက်နေသူများအား ၎င်းနှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ် ပြန် ကြေညာထားသည့် မြို့နယ် များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေး မည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက် ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန် ဆန်ဆန် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်