
နေပြည်တော် မတ် ၂၃
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ် သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ သည် နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ရွှေကူကြိုးဝိုင်း အတွင်း တရားမဝင် ကျွန်းသစ် တန် ၂ ဒသမ ၉၄၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၄၇၁၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ မတ် ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်း ချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ကုန်တင်ယာဉ် နှစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမို တင်ဆောင်လာသော တရားမဝင် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၂၃၃၈၀) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
ထို့အတူ မတ် ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မော်လမြိုင်ကျွန်းမြို့နယ်၊ ပုသိမ်မြို့နယ်နှင့် ငပုတောမြို့နယ် တို့တွင် တရားမဝင် သစ်မျိုးစုံ ၇ ဒသမ ၃၁၉၅ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၆၈၆၅၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမို တင်ဆောင်လာသော ဆပ်ပြာမှုန့် ထုပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
၎င်းအပြင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့ စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဆိပ်ကမ်း တာဝန်ကျအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ (ID) တွင် ကြေညာ ထားသည်ထက် ပိုမိုပါရှိလာသော တရားမဝင် ရေစုပ်စက်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
အလားတူ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဆိပ်ကမ်း တာဝန်ကျအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ (ID) နှင့်ကိုက်ညီမှု မရှိသော တရားမဝင် သန့်စင်ခန်း သုံးပစ္စည်းများနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၇၇၀၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ထပ်မံ၍ ယနေ့တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် သစ်တောကြိုး ဝိုင်းများအတွင်း တရားမဝင် သစ်မျိုးစုံ ၃၄ ဒသမ ၃၄၁၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၈၈၄၇၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၇၉၇၆၁၂) ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်