မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ သံဃာတစ်ပါးနှင့် အပြစ်မဲ့ အမျိုးသားတစ်ဦးကို PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်၍ ဘုန်းတော်ကြီးကျောင်းရှိ မော်တော်ယာဉ်တစ်စီး လုယက်ယူဆောင်

 

နေပြည်တော်    မတ်   ၂၅


နိုင်ငံရေးအစွန်းရောက်   အကြမ်းဖက်သမားများ အနေဖြင့်  နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ် လန့်မှုဖြစ်ပေါ်လာစေရန်   ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင် ကျောင်းများအား     အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများကို    ရက်စက်စွာ    လုပ်ကြံ သတ်ဖြတ်ခြင်းများ  ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓ ဘာသာဝင်မြန်မာလူမျိုးများ၏    အထွတ်အမြတ် ထားရာ     သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊    မိုင်းထောင် ဖောက်ခွဲခြင်းနှင့်  ရဟန်းသံဃာတော်များအား ဖမ်း ဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ်    ရက်စက်စွာ    ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

 


ထိုသို့ ပြုလုပ်လျက်ရှိရာတွင်   မတ်  ၂၄ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကိုင်းကျေးရွာရှိ   “မဟာဝိသုတရာမ ပညာဒီပကျောင်း”  ၌  ကျောင်းထိုင်ဆရာတော်နှင့် အမျိုးသား တစ်ဦးတို့ကို  PDF အမည်ခံအကြမ်းဖက် သမားများက သတ်ဖြတ်၍ ဘုန်းတော်ကြီးကျောင်းရှိ မော်တော်ယာဉ်တစ်စီးအား လုယက်ယူဆောင်သွား ကြောင်း   သတင်းအရ   လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

 


ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့   အင်အား   ၁၅   ဦးခန့်သည် ဆိုင်ကယ် ခုနစ်စီးဖြင့် သေနတ်၊  ဓားများကိုင်ဆောင်၍ အဆိုပါကျေးရွာအတွင်းသို့    ဝင်ရောက်လာပြီး ကျေးရွာရှိ “မဟာဝိသုတရာမပညာဒီပကျောင်း”မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသံဝရ(၅၇)နှစ်၊ (၂၂)ဝါ၊ (ဘ)ဦးအောင်ထူးနှင့် ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသည့်  ဦးကြည်ခိုင်ဝင်း (၄၇)နှစ် (ဘ)ဦးဝင်းမောင်တို့ကို သေနတ်၊ ဓားများဖြင့် ရက်စက်စွာ ဝိုင်းဝန်းပစ်ခတ်ထိုးခုတ်  သတ်ဖြတ်၍ ဘုန်းတော်ကြီး ကျောင်းရှိ RLG/7613 Noah မော်တော်ယာဉ်အား လုယက်ယူဆောင်ကာ   မြိုင်မြို့ဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့်  ဆရာတော် ဘဒ္ဒန္တသံဝရတွင် ယာမျက်လုံး ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်   ဒဏ်ရာတစ်ချက်နှင့် ဦးကြည်ခိုင်ဝင်းတွင် ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ သုံးချက်၊  ဦးခေါင်းပြတ်ထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းတို့အနီးမှ Thai 380 Auto ကျည်ခွံ သုံးခု၊ ၁၂ ဘို့ ကျည်ခွံသုံးခုနှင့်      ဓားရှည်တစ်ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 


အထက်ပါဖြစ်စဉ်မှ သာသနာ့အနွယ်ဝင် ကျောင်း ထိုင်ဆရာတော်နှင့်    အပြစ်မဲ့ပြည်သူ   အမျိုးသား တစ်ဦးတို့ကို       ရက်စက်စွာ      သတ်ဖြတ်၍ ဘုန်းတော်ကြီးကျောင်းရှိ မော်တော်ယာဉ် တစ်စီး အား  လုယက်ယူဆောင်သွားသည့်   အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့် အညီ   ထိရောက်စွာ   အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်း များနှင့် ပူးပေါင်း၍  လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ    ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်