
နေပြည်တော် မတ် ၂၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ထားဝယ် မြို့ ကျောက်မော်ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ မနော်ဆဲမူး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅ ပြား သိမ်းဆည်းရမိ ခဲ့သည်။
ကွင်းဆက်အရ နံနက် ၁၀ နာရီခွဲတွင် ထားဝယ်မြို့ ထိန်သစ်ရပ်ကွက် ကျွန်းမွှေးရွာပတ်လမ်းနေ မအေမီသက်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မဝင့်ဝါထွေးအား တွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို လည်းကောင်း၊ အလားတူ ယင်းနေ့ ည ၇ နာရီတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကွမ်းလုံမြို့နယ် နမ့်ချင်းဟော်ကျေးရွာရှိ ကျူလောက်ချန်း ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၆ နာရီ မိနစ် ၂၀ တွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့နယ် ယန်းခေါင်ကျေးရွာအနီးတွင် အေးနော့ မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား