နိုင်ငံဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီရေးအတွက် လူသားအရင်းအမြစ် မြင့်မားအောင်မြှင့်တင်

 

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဟူသည် ၎င်းနိုင်ငံတွင် ရှိသည့် အရင်းအမြစ်များကို မှန်ကန်ထိရောက်စွာ စီမံခန့်ခွဲ ခြင်းမှ ထွက်ပေါ်လာသော အကျိုးရလဒ်ဖြစ်သည်။ အရင်း အမြစ်များဟုဆိုရာတွင်  အဓိကအားဖြင့် လူသားအရင်း အမြစ်၊  ငွေကြေးအရင်းအမြစ်နှင့်   ရုပ်ဝတ္ထုအရင်းအမြစ် တို့ဖြစ်ပြီး 3Ms (Men, Money, Material)   ဟုဆိုကြသည့်   ၎င်းအရင်းအမြစ်များ  မိမိတို့တွင် မပြည့်စုံသေးပါကလည်း ပြုစုပျိုးထောင်ရန်၊   စုဆောင်းရန်  လိုအပ်သည်။  ဆိုခဲ့ပါ အရင်းအမြစ်    သုံးရပ်အနက်      လူသားအရင်းအမြစ်က အခြေခံအကျဆုံးနှင့် အရေးပါဆုံးပင်ဖြစ်သည်။

 


နိုင်ငံတစ်နိုင်ငံရှိ      လူသားအရင်းအမြစ်ဆိုသည်မှာ ထိုနိုင်ငံရှိ လူများနှင့်  ၎င်းတို့၏  အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများ၊    စိတ်ဓာတ်ရေးရာ     အခြေအနေနှင့် သဘောထား အယူအဆများကို လွှမ်းခြုံခေါ်ဆိုခြင်းဖြစ် သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တွင်ရှိသည့် လူသားအရင်းအမြစ်များကို တိုးတက်အောင် အစွမ်းကုန် မြှင့်တင်ပေးပြီး   အထိရောက်ဆုံးအသုံးချနိုင်ရန်    လိုအပ် သည်ဟု ပညာရှင်တို့က တညီတညွတ်တည်းဆိုကြသည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် မိမိတို့ နိုင်ငံရှိ  အလုပ်လုပ်နိုင်သည့်အရွယ်  ပြည်သူများ၏ အသိ ပညာ၊  အတတ်ပညာနှင့်  ကျွမ်းကျင်မှုတို့   မြင့်မားရေး၊ ကာယဉာဏစွမ်းအား စိုက်ထုတ်နိုင်မှု၊ အလုပ်လုပ်နိုင်စွမ်း ရှိမှုနှင့် အလုပ်လုပ်လိုစိတ်တို့ မြင့်မားရေး၊ ၎င်းတို့၏ အတွေ့ အကြုံဗဟုသုတနှင့်   စိတ်ဓာတ်ရေးရာ   မြင့်မားရေးတို့ ပေါင်းရုံးပါဝင်သည့် အရည်အချင်း၊ အရည်အသွေးတို့ကို မြှင့်တင်ပေးခြင်းပင်ဖြစ်သည်။

 


လူသားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေး  ဆောင်ရွက်  ရာတွင် ပညာရေးနှင့်  ကျန်းမာရေးမြှင့်တင်မှုက အသိသာ အထင်ရှားဆုံး    လုပ်ငန်းများပင်ဖြစ်သည်။   ပညာရှင်တို့၏ အဆိုအမိန့်အရ  ပညာရေးလုပ်ငန်းများ   မြှင့်တင်ရေးနှင့် စက်ရုံသို့မဟုတ်  ဆည်မြောင်းများ  တည်ဆောက်ရေးတို့    ယှဉ်လာပါက  ပညာရေးမြှင့်တင်မှုကို ဦးစားပေးရမည်ဟု ဆိုသည်။   ပညာတတ်မြောက်   ကျွမ်းကျင်သူတို့ကသာ  စက်ယန္တရားများ    လိုအပ်မှု၊  ကိုင်တွယ်မောင်းနှင်မှု တို့ကို   သိရှိနားလည်နိုင်ကြပြီး  ရရှိအောင်လည်းဖန်တီးနိုင်မည်ဟု ဆိုသည်။     နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးစဉ်အတွင်း ကျိုင်းတုံမြို့၌ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာတွင် ပညာ ရေးနှင့်ပတ်သက်၍   “ပညာတတ်များ   ပေါကြွယ်ဝခြင်းသည် ဒီမိုကရေစီစနစ်ကို   ဖော်ဆောင်ရန်နှင့်   တိုင်းပြည်၏ အနာဂတ်ကောင်းကို ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း၊ ပညာ ရေးသည်  နိုင်ငံတစ်နိုင်ငံ၏  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အောင်မြင် တိုးတက်သည့် နိုင်ငံများကိုကြည့်လျှင် နိုင်ငံ၏ ပညာရေး စနစ်နှင့်     ၎င်းပညာရေးစနစ်မှ      ထွက်ပေါ်လာသည့် လူ့စွမ်းအားအရင်းအမြစ်များ၏ ပညာရည်အဆင့်မြင့်မားမှု တို့ကို  တွေ့ရမည်ဖြစ်‌ကြောင်း”  ပြောကြားခဲ့ရာ  လူသား အရင်းအမြစ်   ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပညာရေးကို မြှင့်တင်သွားကြရန်ပင်ဖြစ်သည်။

 


၂၀၁၉    ခုနှစ်   ကြားဖြတ်သန်းခေါင်စာရင်းများအရ အသက် ငါးနှစ်အထက် လုံးဝကျောင်းမနေဖူးသူ လေးသန်း ခန့်၊  အသက်  ၂၅ နှစ်အထက် လုံးဝကျောင်းမနေဖူးသူ တစ်သန်းခန့်၊ မူလတန်းနှင့် မူကြိုအဆင့်ရှိသူ ၁၁ ဒသမ ၈ သန်း၊ အလယ်တန်းအဆင့်နှင့် အောက် ပညာသင်ကြားခဲ့ရ သူပေါင်း ၁၈ ဒသမ ၂ သန်း (နိုင်ငံ့လူဦးရေ၏ သုံးပုံ တစ်ပုံ)  ရှိနေရာ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ  ခရီးလမ်းဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ရေးတို့အတွက် ပညာရေး    ရင်းနှီးမြှုပ်နှံမှု၊   ပညာရည်မြှင့်တင်မှုတို့ကို အားသွန်ခွန်စိုက် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားကြ ရမည် ဖြစ်ပါကြောင်း။          ။