
ရန်ကုန် မတ် ၃
အဋ္ဌမအကြိမ် ရန်ကုန်တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် (ဒုတိယ)နှစ်ပတ် လည် အစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ရန်ကုန်တိုင်းဒေသ ကြီး သံဃနာယကအဖွဲ့ ရုံးဝင်းအတွင်း ရှိ မင်္ဂလာဈေး ဓမ္မာရုံ၌ ကျင်းပ သည်။
ငါးပါးသီလ ခံယူဆောက်တည်
အခမ်းအနားအစီအစဉ် ပထမပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဓမ္မာလင်္ကာရထံမှ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါး သီလ ခံယူဆောက်တည်ကြပြီး တိုင်းသံဃာ့ဝန်ဆောင် နှစ်ပတ်လည် အစည်းအဝေး၏ သဘာပတိ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိ (ဒွိပိဋကဓရအဂ္ဂမဟာ ပဏ္ဍိတ)၏ အဖွင့်ဩဝါဒကထာကို နာယူကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သာသနာရေးဆိုင်ရာများ တင်ပြ လျှောက်ထားပြီး အစည်းအဝေးသို့ ကြွရောက်တော်မူကြသော တိုင်းဒေသ ကြီး ဩဝါဒါစရိယ ဆရာတော်များ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့၊ တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် ဆရာတော်တို့အား ဝန်ကြီးချုပ်နှင့် အလှူရှင်အပေါင်းတို့က လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် တိုင်းဒေသကြီး သံဃ နာယကအဖွဲ့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန်အတွက် အလှူရှင် များက အလှူတော်ငွေများ ပေးအပ် လှူဒါန်းကြရာ စုစုပေါင်း လှူဒါန်းငွေ ကျပ်သိန်းပေါင်း ၃၀၀ ကို တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် ဥပတ္ထမ္ဘက အဖွဲ့ တို့က လက်ခံရယူသည်။
ယင်းနောက် တိုင်းသံဃာ့ဝန်ဆောင် နှစ်ပတ်လည် အစည်းအဝေး၏ သဘာ ပတိဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ ရေစက်ချ အနုမောဒနာ တရားတော် ကို နာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြ သည်။
အစီအစဉ် ဒုတိယပိုင်းတွင် အဋ္ဌမ အကြိမ် တိုင်းဒေသကြီး သံဃာ့ ဝန်ဆောင် (ဒုတိယ) နှစ်ပတ်လည် အစည်းအဝေးကို ဆက်လက်ကျင်းပ ရာ သဘာပတိအဖြစ် ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ (ဒွိပိဋက ဓရ အဂ္ဂမဟာ ပဏ္ဍိတ)က ဆောင်ရွက် ၍ အခမ်းအနားမှူးအဖြစ် အကျိုးတော် ဆောင်ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလ (မဟာဂန္ထဝါစကပဏ္ဍိတ) က ဆောင် ရွက်ပြီး တက်ရောက်စာရင်းကြေညာ ကာ တိုင်းပြုပါဒါစရိယဆရာတင် တန္တဇနက၏ ပါပါကလာကို တိုင်းဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ အာဒိစ္စဝံသက ဖတ်ကြားလျှောက်ထား သည်။
ယင်းနောက် တိုင်းသံဃနာယက အဖွဲ့၏ သာသနာရေးရာ၊ ဝိနိစ္ဆယ ရေးရာ၊ ပညာရေးရာ ကိစ္စရပ်များ အစီရင်ခံစာကို တိုင်းဒေသကြီး အစည်းအဝေးသို့ တင်သွင်းပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၏ နိဂမနုကလာကို နာယူကြကာ အစည်းအဝေးသို့ ကြွရောက်တော်မူသော ဆရာတော် တို့အား သံဃဒါန ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။
တက်ရောက်
အခမ်းအနားသို့ တိုင်းဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းသံဃ နာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိုင်းသံဃာ့ဝန်ဆောင်ဆရာတော်များ၊ တိုင်းသံဃနာယကအဖွဲ့၏ ဥပတ္ထမ္ဘက အဖွဲ့ဝင်များ၊ မေတ္တာပြည့်ဝ သာသနာ ပြုအဖွဲ့၊ လေးကျွန်းသူ ဖောင်ဒေးရှင်း နှင့် သာသနာပြုအဖွဲ့များ တက်ရောက် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်