မောင်တောမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်   ၃၀ 
မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုး ရှိ   စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ 
အမှတ်(၁)    နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှ   တပ်ဖွဲ့ဝင်များ ပါဝင်သော   ပူးပေါင်းအဖွဲ့သည် မတ် ၂၈ ရက် နံနက် ၁၁ နာရီတွင် ရခိုင်ပြည်နယ်      မောင်တော မြို့နယ်     ကျီးကန်းပြင်ကျေးရွာ အနီးတွင်         (၃)မိုင်ဘက်မှ ကြိမ်ချောင်းဘက်သို့ လှထွန်းစိန် မောင်းနှင်ပြီး         ဦးသန်းနု၊ ထွန်းအောင်သိန်းတို့ လိုက်ပါလာ သော    ဆိုင်ကယ်ကို   ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅ ပြား သိမ်းဆည်းရမိခဲ့ပြီး    စစ်ဆေး ဖော်ထုတ်ချက်များအရ    မွန်းလွဲ ၁ နာရီတွင် မောင်တောမြို့နယ် သရေကုန်းဘောင်    ကျေးရွာနေ မတင်ကြည်၏       နေအိမ်ကို ဆက်လက်ရှာဖွေရာ ၎င်းနှင့်အတူ ခင်မောင်ဦး၊         ခိုင်မိုးလင်း၊ မောင်ထွေးတင်၊      လေးမြင့်ဦး၊ မာမတ်ရှော်ဟီးတို့ ခြောက်ဦးကို တွေ့ရပြီး သုံးဘီးဆိုင်ကယ်တစ်စီး၊ မော်တော်ဆိုင်ကယ်   နှစ်စီးနှင့် အတူ     စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်း၊ မြန်မာငွေကျပ် ကိုးသိန်း ထပ်မံသိမ်းဆည်းရမိခဲ့၍ ဒေသကာလတန်ဖိုး        ငွေကျပ်  ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၉    ဒသမ   ၇၅   သိန်းကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရ    အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများ ကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။ 
သတင်းစဉ်