
နေပြည်တော် ဧပြီ ၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့ရှိ အခြေခံပညာ အထက်တန်း ကျောင်းများတွင် ကျောင်းသား ကျောင်းသူများက ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်သမား များက တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ (ခ)ရပ်ကွက် ကျောက် တိုင်လမ်းရှိ အခြေခံပညာအထက် တန်းကျောင်း (ရေဖြူ)သို့ လက်လုပ်အသံဗုံး တစ်လုံးဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ် ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီ မိနစ် ၅၀ ခန့်တွင် ရေဖြူမြို့ရှိ အခြေခံပညာ အထက်တန်း ကျောင်း(ရေဖြူ)သို့ အကြမ်းဖက် သမားများက ကျောင်း၏ အနောက်ဘက် ရော်ဘာခြံအတွင်းမှ ကျောင်းဝင်းအတွင်းသို့ လက်လုပ် အသံဗုံးဖြင့် လာရောက်ပစ်ခတ် ၍ ရော်ဘာခြံအနောက်ဘက်သို့ ပြန်လည် ထွက်ပြေးသွားခဲ့ ကြောင်း၊ အဆိုပါ လက်လုပ် အသံဗုံးသည် ကျောင်းဆောင်၏ ၁၅ ပေခန့်အကွာ အုတ်တံတိုင်း ဘေး မြေကွက်လပ်သို့ ကျရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အအုံ များ ထိခိုက်ပျက်စီးမှုမရှိကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြောင်းနှင့် အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ် ကြည့်ရှုပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်