
နေပြည်တော် ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ ဧပြီ ၂ ရက်က လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား သုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂ ရက် နံနက် ၄ နာရီခန့်တွင် မဟာအောင်မြေမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မဟာမြိုင် (၁)ရပ်ကွက် ၆၉ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားအရောက်၌ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်နေ ထွန်းနိုင်(၂၆ နှစ်)၊ တစ်ရပ်ကွက်တည်းနေ လှထွန်းအောင်(ခ)လှထွန်း (၂၇ နှစ်) နှင့် သက်နိုင်ဝင်း (၂၇ နှစ်) တို့ သုံးဦးအား ဆိုင်ကယ်နှစ်စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးရာ ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်များပေါ်မှ အနက်ရောက်မီးကြိုး ၁၀ ပိဿာခန့်၊ မီးဖြတ်ဘရိတ်ကာ ခြောက်ခု၊ ပလာယာ သုံးချောင်း၊ ခေါက်ဓား တစ်ချောင်း၊ သံတူရွင်း တစ်ချောင်း၊ ကျောက်လှည့် နှစ်ချောင်း တို့အား တွေ့ရှိရသောကြောင့် စစ်ဆေးခဲ့ရာ မဟာမြိုင်(၁)ရပ်ကွက် အတွင်းရှိ လမ်းဘေးမီးတိုင်များမှ မြေအောက်သွယ်တန်းထားသော မီးကြိုးများအား ဖြတ်တောက်ခိုးယူလာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့သုံးဦးအား မဟာအောင်မြေမြို့မရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား