၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင်  မြန်မာအသင်း သြစတြေးလျကို ဂိုးပြတ်အနိုင်ယူ

 

 

ရန်ကုန်   ဧပြီ   ၅
၂၀၂၂   အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ  အုပ်စုပွဲစဉ်များကို  ဧပြီ ၅ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာဖူဆယ်အသင်း က သြစတြေးလျကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက် ရန် အခြေအနေကောင်းသွားသည်။
မြန်မာအသင်းသည် ဒုတိယ ပွဲတွင်   သြစတြေးလျနှင့်   တွေ့ဆုံ ပြီး  ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရခဲ့သည်။  မြန်မာအသင်းအတွက်  အနိုင်ဂိုးများကို ၄ မိနစ်နှင့် ၃၂ မိနစ်တွင် သိုင်းဘွဲ့အောင်၊  ၁၆ မိနစ်နှင့် ၂၅ မိနစ်တွင်   ငြိမ်းမင်းစိုး၊   ၂၄ မိနစ်တွင်    ဟိန်းမင်းစိုးတို့က   သွင်းယူပြီး ကျန်တစ်ဂိုးမှာမူ ၂၇ မိနစ်တွင်  သြစတြေးလျအသင်းမှ ကိုယ့်ဂိုးကိုယ်  သွင်းယူမိခဲ့ခြင်းဖြစ် သည်။  မြန်မာအသင်းသည်  ဆီမီး ဖိုင်နယ်  တက်ရောက်ရန်အတွက် အရေးပါသည့်      ဗီယက်နမ်၊ သြစတြေးလျတို့နှင့်  ပွဲများတွင် လေးမှတ်အထိ   ရယူနိုင်ခဲ့သဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရရန် အလားအလာ  ကောင်းသွားပြီဖြစ် သည်။  အုပ်စု  (ခ)  အခြားပွဲတွင် ဗီယက်နမ်က တီမောကို ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
အုပ်စု  (ခ)  တွင်   မြန်မာနှင့် ဗီယက်နမ်အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊       လေးမှတ်စီ၊ သြစတြေးလျက    တစ်ပွဲနိုင်၊ တစ်ပွဲရှုံး     သုံးမှတ်ရရှိထားပြီး တီမောအသင်းမှာမူ   နှစ်ပွဲစလုံး ရှုံးကာ အမှတ်မရသေးပေ။ အုပ်စု (ခ) နောက်ဆုံးနေ့အဖြစ်  ဧပြီ  ၆ ရက် (ယနေ့)  မြန်မာစံတော်ချိန် နံနက် ၁၀  နာရီခွဲတွင်  ဗီယက်နမ် နှင့် သြစတြေးလျ၊  မြန်မာစံတော် ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် မြန်မာ နှင့်   တီမောအသင်းတို့  ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။         
ရဲရင့်လွင်