
နေပြည်တော် ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ ဆေးရုံတို့အား PDF အမည်ခံအကြမ်းဖက်သမား များက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆေးရုံဝင်း အတွင်းရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ဒဏ်ရာများရရှိ
ဖြစ်စဉ်မှာ ဧပြီ ၆ ရက်နံနက် ၁၁ နာရီခန့်တွင် ကောလင်းမြို့ မြောက်အင်းရပ်ကွက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ ဆေးရုံတို့အား PDF အမည်ခံအကြမ်းဖက်သမားများက အဆိုပါ ရုံးများ၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ ဈေးရုံဗိုလ်တဲရပ်ကွက် ဘက်မှနေ၍ ၄၀ မမဗုံးပစ်လောင်ချာဖြင့် သုံးချက်ပစ်ခတ်ခဲ့ရာ ပေါက်ကွဲမှုများကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဝန်ထမ်းအိမ်ရာအနီး ရောက်ရှိနေသည့် အဆိုပါရပ်ကွက်နေ ဦးထည် ဝါဦး (၂၈)နှစ် (ဘ)ဦးမြင့်အောင်တွင် ယာလက်ဖျံ၊ ယာပေါင်နှင့် ယာခြေသလုံးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိ
အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမား များကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်