
နေပြည်တော် ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် သမားတော် ကျေးရွာအနောက်ဘက်ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းပိုင် လက်ပံတိုနှင့် သာကြီးတောင် ရေနံမြေတို့သို့ ရေမောင်းနှင်ပေးပို့သည့် ပန့်စက်ရုံ အား ဧပြီ ၉ ရက် နံနက်ပိုင်းက PDF အမည်ခံ အကြမ်း ဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၉ ရက် နံနက် ၉ နာရီ မိနစ် ၂၀ တွင် ပေါက်မြို့နယ် သမားတော်ကျေးရွာ၏ အနောက် ဘက် နှစ်ဖာလုံခန့်အကွာရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းပိုင် လက်ပံတိုနှင့်သာကြီးတောင် ရေနံမြေတို့သို့ ရေမောင်းနှင်ပေးပို့သည့် ပန့်စက်ရုံ အား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အဆိုပါပန့်စက်ရုံဝင်းအတွင်းထားရှိပြီး ရေမောင်းနှင်လျက်ရှိသည့် အမေရိကန်နိုင်ငံထုတ် အင်ဂျင်ပန့်စက်နှစ်လုံး၏ ကွန်ပျူတာဘောက် နှင့် အော်တိုနေတာ စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၁၀၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ နိုင်ငံတော်ပိုင်စက်ယန္တရားများကို ဖောက်ခွဲဖျက်ဆီး ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်