NSDF Futsal Invitation Championship 2022 ပြိုင်ပွဲယှဉ်ပြိုင်ရန်  မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ထိုင်းနိုင်ငံသို့ထွက်ခွာ

 

 

ရန်ကုန်  ဧပြီ    ၁၈
ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲဖြစ်သည့် NSDF Futsal Invitation Championship 2022 ပြိုင်ပွဲ ယှဉ်ပြိုင်ရန်  မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည်  ဧပြီ ၁၈ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ ထွက်ခွာ သွားသည်။
NSDF Futsal Invitation Championship 2022 ပြိုင်ပွဲကို ဧပြီ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပမည် ဖြစ်ပြီး အိမ်ရှင် ထိုင်းလက်ရွေးစင်အသင်း၊ ထိုင်း All  Stars အသင်း၊  မြန်မာ့လက်ရွေးစင်အသင်း၊ အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် သြစတြေးလျကလပ်  South Perth  အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည်  ဧပြီ ၂၀ ရက်တွင် ထိုင်းလက်ရွေးစင်အသင်း၊ ဧပြီ ၂၃  ရက်တွင်  ထိုင်း All Stars အသင်း၊ ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်း၊ ဧပြီ ၂၆ ရက်တွင်  သြစတြေးလျကလပ်  South  Perth အသင်းတို့နှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်     အမျိုးသမီးဖူဆယ် အသင်းတွင်    အုပ်ချုပ်/နည်းပြအဖွဲ့ဝင်       ရှစ်ဦး၊ ကစားသမား  ၂၂  ဦး  လိုက်ပါသွားသည်။   မြန်မာ့ လက်ရွေးစင်   အမျိုးသမီးဖူဆယ်       အသင်းတွင် အုပ်ချုပ်သူ –  ဦးနိုင်သောင်းထိုက်၊  နည်းပြချုပ် – ဦးတင်မောင်‌ဌေး၊ လက်ထောက်နည်းပြ – ဦးဇော်ရဲ မောင်၊ ဂိုးနည်းပြ – ဦးဟန်မင်းထွဋ်၊ အသင်းအတွင်း ရေးမှူး- ဒေါ်သီတာကြည်၊ ဂိုးသမား-ခိုင်နှင်းသန့် (ISPE) ၊  နွယ်နွယ်စိုး  (ဧရာဝတီ)၊ ချောစန္ဒီအောင် (ရန်ကုန်)၊ ကစားသမား-အေးအေးထွေး (YREO) ၊ နန်းခမ်းမို (SPED) ၊   ဝင်းဝင်းခိုင်  ( ဖူဆယ်ချစ်သူ)၊ နန့်မေသဇင်(ISPE) ၊ ခိုင်သဇင်ဦး(ISPE) ၊ ခိုင်ပြည့် လင်း (ISPE) ၊ စုပိုပိုကျော် (Shin Lay-2) ၊ ဝါဝါခိုင် (SPED) ၊ ခင်မာလင်း (SPED) ၊ အေးငြိမ်းသူ (SPED) ၊ ဖြူဖြူကျော်   (ကချင်)၊   နန်းဟွန်းလှိုင်   (SPED) ၊ ဇင်မိုးပြည့်   (ရန်ကုန်)၊    မေဇင်ဦး    (ရန်ကုန်)၊    လာအဲဝါ (ရန်ကုန်)၊ မေသက်ပိုင်  (ပဲခူး)၊   နှင်းစန္ဒာလှိုင် (သစ္စာအားမာန်)၊   ယမင်းလွင်   (သစ္စာအားမာန်)၊ ယွန်းမီမီလွင်   (သစ္စာအားမာန်)   တို့   လိုက်ပါသွား သည်။
သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-MFF