အင်းတော်မြို့နယ်၌ ငွေကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်    ဧပြီ    ၂၁


အင်းတော်မြို့နယ်တွင်  ငွေကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၀ ရက် ညနေ ၄ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ကြာအင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား သွားကားလမ်းတွင် မန္တလေးမှ မိုးညှင်း ဘက်သို့  ချမ်းသာ မောင်းနှင်လာသော  NISSAN  DIESEL  ၁၂  ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅၉၀၀ ကျော် တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား  ၁၀၈၃၀၀၊  ဘိန်းဖြူ  ၁၂  ဒသမ  ၄၇၄  ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်း ရမိ မူးယစ်ဆေးဝါးများကို မန္တလေးတိုင်းဒေသကြီးမှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ သဖြင့် ၎င်းကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။            

သတင်းစဉ်